အားလုံး ဘုရားကန်တော့ တတ်ကြပါစေ

ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားကိုဘာကြောင့်ကန်တော့လဲမေးရင် ဘာကြောင့်ကန်တော့ရတယ်ဆိုတာကိုပြောနိုင်တဲ့သူနည်းတယ်ဗျ တချို့က မိဘတွေက ကိုးကွယ်ကြလို့လိုက်ကိုးကွယ်ကြတယ် တချို့က ကြည်ညိုရုံကြည်ချက်ကြောင့် ဘာသာပြောင်းလဲကိုးကွယ် ကြတယ် အမျိုးမျိုးပါလေ ဘယ်လိုဘဲဖြစ်ဖြစ်ပါ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကျွန်တော်တော့တကယ်ယုံကြည်သူတစ်ဦးဖြစ်တဲ့အတွက် ဘာသာဝင်တွေသိသင့်သိထိုက်တာလေးတွေကို တစေ့တစောင်းတင်ပြချင်တဲ့စေတနာလေးတွေကြောင့်အခု စာလေးတွေကိုဖြန့်ဝေလိုက်တာပါ..........


အားလုံး ဘုရားကန်တော့ တတ်ကြပါစေ

ဒါလေးကို ရေးရတာ အားလည်းနာတယ်၊ ခင်လည်းခင်တယ်ပြောရမှာပါပဲ ။
ထေရဝါဒဗုဒ္ခဘာသာဝင် ကိုကို မမတို့ ကို မေးကြည့် ရပါဦးမယ် ။

တကယ်လို့ များဘုရား ၊ စေတီ တစ်ဆူဆူရောက်ရင်ဖြင့် ဘုရားကို ဘယ်နေရာက စပြီး
ကန်တော့ ပါသလဲ .......??????

စာကို ဆက်မဖတ်ပဲ ခဏလေးရပ်လိုက်ပါနော် ။ ခုဏကမေးခွန်းလေးကို သေသေချာချာ
စဉ်းစားပြီးဖြေကြည့် လိုက်ပါ ။
ကိုယ့် နေ့ ကိုယ့် နံ က နေပြီးတော့ ကန်တော့ ကြတယ်လို့ အများစုက ဖြေကြပါတယ်။


ဘာတဲ့
စနေနေ့ မွေးတဲ့လူက နဂါး
တနင်းလာနေ့ မွေးတဲ့ လူက ကျား ဆိုပြီး စသည် စသည်ဖြင့် အသီးသီးသတ်မှတ်ပြီး
ဘုရားပေါ်ရောက်ရင်ဖြင့် အဲဒီတိရစ္ဆာန်တွေကို အရင်ရှာကြလေရဲ့ ။ အဲဒီ
အကောင်ဗလောင်တွေ တွေ့ ပြီးမှ ဒါဟာ
ငါရှစ်ခိုးရမယ့် နေရာပါပဲ ဆိုပြီးကန်တော့ ကြလေရဲ့ ။
ဘုရားနဲ့ ရောပြီး အဲဒီ အကောင်တွေ ကန်တော့ နေကြတဲ့ ထေရဝါဒ ကိုကို
မမများကို တစ်ခုထပ်မေးချင်တာက အဲဒီအကောင်တွေကို ဘာနေ့ မွေးရင်
ဘာကောင်ဖြစ်ပါတယ် ။ဆိုတာ ဘယ်ဗုဒ္ခဘာသာစာပေကျန်းဂန်တွေမှာ
ရေးသားထားတာတွေ့ရပါသလဲ ။ အဲဒီအကောင်တွေရဲ့ ဇစ်မြစ်ဟာ ဘာလဲဆိုတာသိကြပါရဲ့
လား ။


ဟိုအရင်လူကြီးတွေလုပ်ခဲ့နဲ့ ပဲ ဒီခေတ်ကလူငယ်တွေ ဘာမှ မစဉ်းစားမဆင်ချင်ပဲ
၊ကိုယ့် ဦးနှောဏ်မသုံးတော့ ပဲ ဒီအတိုင်းမျှောလိုက်နေတော့ မှာလား ။
ကျွန်တော်တို့ ဗုဒ္ခ္ဓဘုရားရှင်ဟောကြားတော့မူခဲ့တဲ့
ကာလာမ သုတ္တန် မှာ ပါတဲ့ တစ်ချက်က
အစဉ်အလာဖြစ်နေ လို့ လဲ ချက်ချင်း မယုံကြည်ပါနဲ့ ဆိုတဲ့
တစ်ချက်ပါပါတယ်။ဘုရားပေါ်ရောက်လို့ မှ ဘုရားမကန်တော့ အား
တိရစ္ဆာန်ရှာဖွေရေး လုပ်နေတဲ့ အကို တို့ အမတို့ အဲ
ဒါလေးတစ်ချက်သတိရစေချင်ပါတယ်။
ဒါဟာဗြဟ္မဏ ပုဏ္ဍားတွေရဲ့ လုပ်ကြံ ဇာတ်လမ်းသက်သက်သာဖြစ်ပါတယ်။
ရှေးက အသိဥာဏ်ကြီးတဲ့ ဗြဟ္မဏ ပုဏ္ဍားကြီးတွေဟာ ဗေဒင်သုံးပုံ ကို
အစဉ်အဆက်သက်ဝင်နေရအောင် နဲ့ နောက်မွေးလာမယ့် ဗေဒင်ဆရာမျိုးဆက်
လုပ်စားလို့ ရအောင် ၊ လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်တွေကို
ဘာသာရေးကူးစက်မှုမှတစ်ဆင့် ထေရဝါဒအသွင်ကူးပြောင်းပေးခဲ့ တာပဲ ဖြစ်ပါတယ်
။ထေရဝါဒမှာဗေဒင်မှရှိပါဘူး။ မဟာယနမှာသာဗေဒင်ရှိပါတယ်။
မြန်မာနိုင်ငံက လူတွေ အားတနင်းလာအင်္ဂါ ဆိုပြီ ဖြစ်နေတာဟာ ထေရဝါဒနဲ့
မဟာယနရောယှက်မှုရဲ့ သာဓကတွေပါ ။ မြန်မာနိုင်ငံ ရဲ့ ထေရဝါဒသမိုင်းမှာ
ထေရဝါရ အမည်ခံပြီး မဟာယနလုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ ရဟန်းသံဃာတော်တွေ
ရှိခဲ့ ပါတယ် ။ လက်ရှိလညှ်းရှိနေဆဲပါပဲ ။ သူတို့ တွေကြောင့် နဂိုကတည်းက
အမေဘုရားရှစ်ခိုးလို့ လိုက်ရှစ်ခိုး ...
အဓိပါယ်ဘာမှန်းမသိတဲ့ မိရိုးဖလာဗုဒ္ဓဘာသာဝင်များဟာ ဗေဒင်ဟာ
ဗုဒ္ဓဘာသာဝင်များရဲ့ အစဉ်အလာတစ်ခုအဖြစ်လက်ခဲ့ ကြပါတော့ တယ် ။
အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကလေးမွေးရင် နာမည်ပေးဖို့
ဗေဒင်ဆရာဆီကိုပြေးနေကြပါပြီ ။ တကယ်လို့ များ စနေ ၊ တနင်းင်္ဂနွေ ဆိုတာတွေ
မရှိတော့ ရင် ဖြင့်ဘယ်လိုနာမည်ပေးရမလဲ မသိလို့ ...
မောင် ဘယ်သူ ၊ မဘယ်သူ ဆိုပြီး တောင် ဖြစ်လာမလား လို့ အခြေအနေဆိုး
နေပါပြီ ။

ဒါက ပြင်ရမှာ ခက်တဲ့ ကိစ္စ ၊ ကြာမယ့်ကိစ္စမို့ ခဏ ရပ်ကြစို့ ။

ဘုရားကို ဘာကြောင့် ကန်တော့ ရပါသလဲ ဆိုတဲ့ မေးခွန်းလေးကို ဖြေကြည့် ကြပါစို့ ။

ဘုရားကို ဘာကြောင့် ကန်တော့ သလဲ ?
ကျွန်တော်တို့ တွေ ဘုရားပေါ်ရောက်ရင်ဖြင့် ကန်တော့လိုက်ကြတာ
ဖင်းဘူးတောင်းကိုထောင်လို့ ပေါ့ ။ မေမေက ကန်တော့ခိုင်းလို့ ကန်တော့ တာ ၊
ဖေဖေကကန်တော့ ခိုင်းလို့ ၊ ဘုန်းဘုန်းက ကန်တော့ ခိုင်းလို့ ၊
အစရှိသည်ဖြင့် ကန်တော့ ကြလေရဲ့ ။
ကျွန်တော့် သူငယ်ချင်းတွေ အဝေးရောက်မြန်မာများလည်း ည အိပ်ယာဝင်တော့
မယ်ဆိုရင်ဖြင့် ဝတ္တရားကလည်းဖြစ် ၊ အမေကလည်းမှာ၊ ဆိုတော့ ကန်တော့ ကြလေရဲ့
။ လူကအလုပ်က ပင်ပန်း ၊ အိပ်က လည်းအိပ်ချင်ဆိုတော့ ခပ်မြန်မြန်ပဲ
ပုဆိန်ပေါက်ကလေးနဲ့ ကန်တော့ ပြီးအိပ်ကြပါတော့ တယ် ။ ဘာကြောင့် ကန်တော့
ရသလဲ တော့ သိချင်လည်း သိမယ် ၊ မသိချင်လည်း မသိဘူး။ ကျွန်တော်လည်း ဒီလိုပဲ
အစကတော့ သိဘူး
အခုတော့ ကျွန်မသိပြီ ဆိုတဲ့ ကြော်ငြာထဲက အတိုင်း ပဲ ပြောလိုက်တော့ မယ် .........
ကလေးတွေကို ပြန်ပြောပြလို့ ရအောင်လို့ ပါ ။

အဖြေက တော့ .....
ကျေးဇူးရှိလို့ ပါ တဲ့ ။
ဟုတ်ပါတယ် ကျေးဇူးရှိလို့ ကန်တော့ ကြတာပါ
ပရိနိဗ္ဗာန်စံဝင်တာကြာခဲ့ ပြီဖြစ်တဲ့ မြတ်စွာဘုရားရှင်ဟာ
လက်ရှိမျက်မှောက်ခေတ်မှာ အသက်ရှင်နေထိုင်တဲ့ သူများအပေါ် ဘယ်လို
ကျေးဇူးရှိပါသလဲ ဆိုတာလေးကြည့် ကြရအောင်.....

ဘုရားရှင်ဟာ လောကရဲ့ အမှန်တရားကို ဖေါ်ထုတ်ခဲ့ ပါတယ်။
ဖေါ်ထုတ်ခဲ့ ရုံမျှမကပဲ ဘယ်လိုသွားရမယ်ဆိုတဲ့ လမ်းကို လည်း အတိအကျ
လမ်းညွှန်ခဲ့ သူဖြစ်ပါတယ် ။
ဆေးစာရဲ့ အညွှန်းအတိုင်းသောက်ရင် ရောဂါ ပျောက်ကင်းနိုင်သလိုပဲ
ဘုရားရှင်ရဲ့ အမှန်တရားသို့ သွားရာလမ်းကို လမ်းညွန်းချက်အတိုင်း
တိတိကျကျလိုက်နာသူများဟာ
လိုက်နာလျှင် လိုက်နာသလောက် အကျိုးများရရှိပါတယ် ။
အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်းသာလမ်းညွှန်ခဲ့ သူပါ ။
အခြားသော ကျေးဇူးတော်တွေကို ရေးရရင် မကုန်ဆုံးနိင်အောင်ရှိတာမို့ ...
ဘယ်လိုကျေးဇူးရှိသလဲ ဆို ရင် အမှန်တရားကို သိစေခြင်းဖြင့်
ကျေးဇူးရှိပါတယ်လို့ ဆိုရင်ဖြင့် မမှားနိင်ပါဘူး ။
အဲဒီတော့ ဘုရားကို ကန်တော့ ရင်ဖြင့် ငါတို့ အပေါ်ကျေးဇူးရှိခဲ့လို့
ကန်တော့ပါတယ်လို့ စိတ်ထဲ ကန်တော့ ရင် ပြည့် စုံပါတယ်ဗျာ ။

သံဃာတော်တွေဆိုရင်လည်း ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေကို ဒီအချိန်အထိ
ယူဆောင်ပေး ၊သယ်ဆောင်ပေးခဲ့ သူများ အဖြစ်လည်းကောင်း၊
ရှင်းလင်းဟောကြားပြီး နားလည်စေသူများအဖြစ်လည်းကောင်းကျေးဇူးရှိပါတယ်။

ရတနာသုံးပါးနဲ့ တင် ရပ်မနေကြပါနဲ့ နော် မိဘနဲ့ ဆရာ ကို လည်း မမေ့ပါနဲ့ ။
ငါတို့ကို မွေးရုံပဲ မွေးထားတာ ၊ ကိုယ့် ဘာသာကို ရှာစားလာရတာ
ဘာကျေးဇူးမှ မရှိဘူးတစ်ချို့ ပြောကြသေးတယ် ။
ပြောလိုက်ပါရစေ ... မွေးပေးတာကံကောင်းတယ်မှတ်
မမွေးချင်ရင် ဒီခေတ်ကြီးထဲ လွယ်လွယ်လေးပဲ ( ဟွန်း .....)
နည်းပေါင်းကို စုံလို့ ...........

ဆရာလည်းဒီအတိုင်းပဲ နော်.................


ဗုဒ္ဓဘာသာဟာ ကိုယ်အားကိုယ်ကိုး ဘာသာဖြစ်ပါတယ် ။ တစ်ပေတူးရင် တစ်ပေပဲ
နက်မှာပါ ။ တစ်ပေတူးလို့ ဆယ်ပေအနက်လိုချင်သူများအတွက်
ဗုဒ္ဓဘာသာမှာ နေရာမရှိဘူးလို့ ဒီနေရာကနေ ပြောလိုက်ပါရစေ ။
.............................................................................
ကိုယ်ပြောတဲ့ စကား ၊ ကိုယ်ရေးတဲ့ စာ ၊
အတွက် ကိုယ့် မှာသာ တာဝန် အရှိဆုံးဖြစ်ပါတယ်။
အားလုံး ဘုရားကန်တော့ တတ်ကြပါစေ .........

လှေခွင်းတောင်သမိုင်း

အခန်း(၁)
ရှေးလွန်ခဲ့သော နှစ်ပေါင်းရှစ်ရာကျော်ခန့်က ပုဂံပြည်၌ အနော်ရထာမင်းကြီး ထီးနန်းသိမ်းပိုက်စိုးစံတော်မူစဉ် ပုဂံပြည်အနယ်နယ်အရပ်ရပ်၌ အရည်းကြီးတို့၏ မစစ်မှန်သောအယူဝါဒများ လွှမ်းမိုးနေခဲ့သည်။ အနော်ရထာမင်းကြီးနန်းတက်လာသောအခါ ထိုအယူဝါဒများကို မနှစ်သက် သဖြင့် စစ်မှန်သော သာသနာကို တောင့်တလျှက်ရှိသည်။ ထိုစဉ် သထုံပြည်မှ အရှင်အရဟံသည် သာသနာပြုရန်ပုဂံပြည်သို့ ကြွလာ၏ အနော်ရထာမင်းကြီးသည် ရှင်အရဟံကို ဖူးတွေ့ရသော် များစွာကြည်ညိုလှ၏ ပုဂံပြည်၌ သာသနာပြုပါရန်
လျှောက်ထားတောင်းပန်၏ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ အကူအညီဖြင့်အရည်းကြီးများအယူဝါဒ ကိုဖယ်ရှားသုတ်သင်၏။
ထို့အပြင် စစ်ရေးအရ ရှင်းလင်းသုတ်သင်ရန် လိုအပ်သောနေရာများသို့ ဓါးရေး-လှံရေး ကျွမ်းကျင်သော စစ်သည်သုံးကျိပ်အား ရွေးချယ်၍
အနယ်နယ်အရပ်ရပ်သို့ စေလွှတ်တာဝန်ပေးအပ်ခဲ့လေသည်။ ထိုသို့ ရွေးချယ်တာဝန်ပေးစေလွှတ်ည့်အထဲတွင် ရဲသီဟ နှင့်တို့စစ်သည်ညီအစ်ကို နှစ်ဦးတို့မှာ ရမည်းသင်းခရိုင်အတွင်း နှိမ်နှင်း တာဝန်ပေးစေလွှတ်ခြင်း ခံရလေသည်။ ရဲသီဟ နှင့် ရဲဒိဗ္ဗ တို့ ညီအစ်ကိုနှစ်ဦးမှာ တာဝန်ပေးသည့်အတိုင်း ရမည်းသင်းခရိုင်အတွင်း လှည့်လည်၍ မစစ်မှန်သော အရည်းကြီးတို့၏ အယူဝါဒ လွှမ်းမိုးမှု့များအား စစ်သေနင်္ဂဗျူဟာနည်းများအရ လိုအပ်သလို နည်းအမျိုးမျိုးဖြင့် ရှင်းလင်းသုတ်သင်၍ အရည်းကြီးတို့ကို လူဝတ်လဲစေပြီးနိုင်ငံတော်အတွင်း သင့်လျှော်သော အလုပ်အကိုင်များပေးကာ လုပ်ကိုင်စေခဲ့သည်။ ရဲသီဟ နှင့် ရဲဒိဗ္ဗ တို့နှစ်ဦးသည် ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးမှ မြို့စားများအဖြစ် ပေးသနားရန် အမိန့်ချမှတ်၍အစ်ကိုဖြစ်သူ ရဲသီဟ မှာ ရမည်းသင်းမြိုစားအဖြစ်ခန့် အပ်ခြင်းခံရလေသည်။
အခန်း(၂)
ပျဉ်းမနားမြို့၏ အနောက်ဘက် ကြက်ဆူအိုင်သိုက်မှ သိုက်စောင့် ညီအမ နှစ်ယောက်သည် လမ်းပျဉ်းမနားရွာ ဦးဖြိုး+ဒေါ်မယ်သာ တို့၏ ၀မ်းတွင်လူဝင်စား အမွှာညီအမအဖြစ် မွေးဖွားခဲ့သည်။ အကြီးမမှာ သအားဖြူသူဖြစ်၍ မဖြူဟု အမည်ပေးပြီး ၊ အငယ်မမှာ အသားညိုသူဖြစ်၍ မယ်ညိုဟု အမည်မှည့် ခေါ်ခဲ့လေသည် ။
ဦးဖြိုး+ဒေါ်မယ်သာ တို့သည် ဈေးရောင်းဈေးဝယ် လုပ်ကိုင်စားသောက်ကြသူများဖြစ်၍ ယခု ကျည်တောင်ကျေးရွာ၏ အနောက်ဖက် မနီးမဝေးတွင် ခေတ္တတည်းခို၍ ကျည်တောင်ကျေးရွာ နှင် ပါတ်ဝန်းကျင်ကျေးရွာများသို့ ဈေးရောင်းသွားလေ့ရှိကြလေသည်။
မဖြူ-မညို တို့မှာ ငယ်ရွယ်သူလေးများဖြစ်၍ မိခင်ဖခင်များ ဈေးရောင်းသွားရာသို့ ညနေတိုင်းသွားရောက်ကြိုလေ့ရှိကြသည် ။
ယင်းသို့ မိခင်ဖခင်များ ပြန်မလာသည့် အခါ အမြဲတမ်းသွားရောက်မျှော်ကြည့်ခဲ့ရသော ရွာလေးအား " ကြည့်တောင်ရွာ " ဟုနောင်တွင်အမည်တွင်ခဲ့လေသည် ။ ကာလရွေ့လျားလာသောအခါ ယခု "ကျည်တောင်ရွာ" ဟုအမည်တွင်ခဲ့လေသည် ။
ထိုနေရာမှတဆင့်တိုး၍ သွားရောက်ပြီး မိခင်ဖခင်များအား ခေါ်မှ မိခင်ဖခင်များ နှင့် အမြဲတွေ့ဆုံနေကြရွာကလေးအား " ခေါ်မရွာ"ယခု " ခေါမရွာ" ဟုအမည်တွင် ခေါ်ဝေါ်သမုဒ်ကြလေသည် ။
မဖြူ-မညိုတို့ ညီအမနှစ်ယောက် အရွယ်ရောက်လာကြသောအခါ ဦးဖြိုး+ဒေါ်မယ်သာ တို့သည် လမ်းပျဉ်းမနား နှင့် တဆင့်ကူး၍သွားလိုက်ပြန်လိုက် ရောင်းဝယ်လုပ်ကိုင် စားသောက် နေကြရာမှ ရေကြည်ရာမြက်နုရာဖြစ်သည့် ယခုကျည်တောင်ရွာကလေးသို့ ပြောင်းရွှေ့နေထိုင်ကြပြီး ဈေးရောင်းဈေးဝယ် လုပ်ရင်းတောင်သူလုပ်ငန်းပါတွဲဖက် လုပ်ကိုင်စားသောက်ကြလေသည်။
ထိုအချိန်တွင် ပေါင်းလောင်းမြစ်၏ အရှေ့ဖက်ကမ်း တောင်ခြေတ၀ိုက်၌ တောင်သူလယ်သမားများ စိုက်ပျိုးထားသောကောက်ပဲ သီးနှံများအား ဆင်ဖြူတော်သုံးစီး ရံဖန်ရံခါ ၀င်ရောက်ဖျက်ဆီးလျက်ရှိသည်။၎င်းသတင်းစကားအား ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးထံသို့နားတော်ပေါက်ကြားသောအခါ မရမနေဖမ်းဆီးရန် မင်းမိန့်ဖြင့် ရမည်းသင်းမြို့စား ရဲသီဟ နှင့် ညီဖြစ်သူ ရဲဒိဗ္ဗတို့အား တာဝန်ပေးစေလွှတ်ရာရဲသီဟ နှင့် ရဲဒိဗ္ဗတို့ ညီအစ်ကိုနှစ်ဦးသည် ကျည်တောင်ရွာသို့ ရောက်ရှိလာပြီး ဆင်ဖြူတော်များ၏ သတင်းကိုစုံစမ်း၍ ပေါင်းလောင်းမြစ်၏ အရှေ့ဘက်ကမ်းသို့ကူးခါ ယခု ဆင်ဖြူတောင်ဟုခေါ်သော တောင်တော်အနီးဇီးပင်များ ၀ိုင်းရံလျက်နေသော နေရာ၌ခေတ္တစခန်းချနေ
ထိုင်ကြလေသည် ။
ယင်းကဲ့သို့ ဆင်ဖြူတော်များဖမ်းဆီးရန် ခေတ္တစခန်းချနားခိုနေထိုင်သော ဇီးပင်များဝန်းရံလျှက်ရှိသည့် ၄င်းနေရာလေးအား နောင်အချိန်တွင် ရွာတည်ဆောက်သောအခါ "ဇီးဝိုင်းရွာ" ယခု "ဇီးရိုင်းရွာ" ဟု အမည်တွင်ခဲ့လေသည် ။ဆက်လက်၍ ဆင်ဖြူတော်များ၏ သွားလာလှုပ်ရှားမှု့သတင်းအားစုံစမ်းရင်းလိုက်လံရှာဖွေဖမ်းဆီးရာ ဆင်ဖြူတော်များမှာ ယခုဆင်ဖြူတောင် ဟုခေါ်သော တောင်တော်၌မြေကိုခွင်း၍ ၀င်ရောက်ပျောက်ကွယ်သွားပြီး ဆင်ဖြူတော်များ မြေကိုခွင်း၍ ၀င်သွားသောတွင်းသာလျှင်တွေ့ရလေသည် ။
ယင်းကဲ့သို့ ဆင်ဖြူတော်များ မြေကိုခွင်း၍ ပျောက်ကွယ်သွားရာ ထိုတောင်တော်အား ယခုအခါ "ဆင်ဖြူတောင်" ဟူ၍ခေါ်ဝေါ်သမုဒ်ကြလေသည်။ဆင်ဖြူတော်များမြေကိုခွင်း၍ ပျောက်ကွယ်သွားသော ဆင်ဖြူတွင်းမှာ ယခုအချိန်ထိ အထင်အရှားရှိနေပေသည်။ ရဲသီဟနှင့်ရဲဒိဗ္ဗ တို့ညီအစ်ကို နှစ်ဦးသည် ဆင်ဖြူတော်များ ပြန်လည်ထွက်လာမည့် အချိန်ကိုစောင့်ဆိုင်းစုံစမ်းရင်း ကျည်တောင်ရွာလေးသို့ ပြန်လည်ရောက်ရှိ၍ စခန်းချနေထိုင်ကြစဉ် ဘ၀ရေစက်ကြောင့် ဦးဖြိုး+ဒေါ်မယ်သာ တို့၏ သမီးချောနှစ်ယောက်ဖြစ်သည့် မဖြူ- မညိုတို့နှင့် ရင်းနှီး
ကျွမ်းဝင်၍ မေတ္တာမျှခဲ့ကြလေသည် ။
ထိုအချိန်တွင် တိုင်းရေးပြည်ရေးအခြေအနေအရ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးမှ ရဲသီဟနှင့် ရဲဒိဗ္ဗ တို့ညီအစ်ကိုနှစ်ယောက်အားအမြန်ပြန်လာရန် အမိန့်တော်ရောက်ရှိ၍ ရဲသီဟ နှင့် ရဲဒိဗ္ဗ တို့သည် မဖြူ-မညိုအား မင်းအမိန့်ကြောင့် ပြန်ရမည်ဖြစ်၍ သုံးလကြာလျှင် ပြန်လာပြီးလက်ထပ်ထိမ်းမြှားပါမည်ဟု ကတိပြုကာ ပုဂံမင်းနေပြည်တော်သို့ပြန်သွားကြလေသည်။
အခန်း(၃)
ကြက်ဆူအိုင်သိုက်မှ သိုက်နန်းရှင်များသည် သိုက်ဆရာ၏ အန္တရာယ်ကြောင့် ရွှေလှေ ငွေလှေများ လှော်ခတ်၍ အရှေ့စူးစူးအတိုင်းနေရောင်ပြအင်းကိုဖြတ်ပြီး ထွက်ခွာလာကြရာ ကျည်တောင်ကျေးရွာ၏ အနောက်ဖက် ယခုကြာကန်ကြီးဟုခေါ်သော ရေကန်သို့အရောက်တွင် ခေတ္တနားနေ၍ ငုတ်လျှိုပျောက်ကွယ်ခဲ့လေသည် ။

ယင်းသို့ ရွှေလှေ ငွေလှေများ ခေတ္တနားနေခဲ့သောနေရာအား ယခုအခါ " ကြာကန်ကြီး" ဟု အမည်တွင်ခဲ့လေသည်။ ကြက်ဆူအိုင်ကျေးရွာမှ သိုက်ဆရာ ဦးကံဝသည် သိုက်စာအရ ဦးပဉ္ဇင်းဝတ်၍ ကျည်တောင်ကျေးရွာသို့ ရောက်ရှိလာပြီး တပည့်ဖြစ်သူမောင်ကျောက်ဖားဆိုသူနှင့် သိုက်တူးရန် စီစဉ်ကြလေသည် ။


ကြက်ဆူအိုင်သိုက်မှ သိုက်စာ ( သို့ ) လှေခွင်းတောင်သမိုင်း

အခန်း (၄)
ကျည်တောင်ရွာ အနောက်ဖက် ညောင်လန်းပင်ကြီးအနီး ဘီလူးမကြီးတွေ့လိမ့်မည် ချည်မန်းကွင်းစွပ်ထားလေ .........ဘီလူးမကြီးအနီး ရေကန်တစ်ခုရှိသည် ။ ဂါထာမန္တာန်စုတ်က ကျွဲရုပ်ကြီးပေါ်လာပါလိ့မ်မည် ။ ကျွဲရုပ်ကြီးကို ချည်မန်းကွင်းနှင့် ဖမ်းချုပ်ဆေးကြိမ်တုန်နှင့် ရွယ်ရုံသာရွယ်ပါ ။ မရိုက်လေနဲ့ ရိုက်ပါက ဂါထာမန္တန်ပျက်လိမ့်မည် ။

ဖမ်းချုပ်ထားသော ကျွဲရုပ်ကို (၇) ကြိမ် ဂါထာမန္တာန် မန်းမှုတ်ပါက ရေကန်အတွင်းမှ ရွှေသားအတိပြီးသော လောင်းလှေတစ်စင်းပေါ်လာလိမ့်မည် ၊ ၄င်းအတွင်း၌ ရွှေကြုတ်ငယ်နှင့် ထည့်ထားသော ပြဒါးမှာ အသက်ကမ္ဘာတည်နိုင်သည် ယူင်စားသုံးပါလေ ။

အဆိုပါ သိုက်စာအရသိုက်ဆရာ ဦးကံဝသည် တပည့်ဖြစ်သူမောင်ကျောက်ဖားကို ခေါ်သွားပြီးဘီလူးမကျောက်ရုပ်ကို ဂါထာမန္တာန်မန်းမှုတ်ခါ ချည်မန်းကွင်းနှင့် လည်ပင်းကိုစွပ်ထားလေသည် ။ရေကန်ပေါ်မှနေ၍ ဂါထာမန္တာန်စုတ်သောအခါ မကြာမီ ကျွဲရုပ်ကြီး
ပေါ်လာလေသည် ။ လည်ပင်းကိုချည်မန်းကွင်းနှင့် စွပ်ထားပြီး တပည့်ဖြစ်သူအား မည်မျှလှုပ်လှုပ်မရုက်လေနဲ့ ရွယ်ရုံသာရွယ်ဟုဆေးကြိမ်တုန်ကို မောင်ကျော်ဖားအားပေးထားကာ ရွှေသားအတိပြီးသော လောင်းလှေပေါ်လာရန် သိုက်ဆရာက ဂါထာမန္တာန် စုတ်၍နေလေသည် ။

ဦးဖြိုး+ဒေါ်မယ်သာတို့မှာ လယ်ယာလုပ်ငန်းခွင်သို့ သမီးဖြစ်သူ မဖြူ-မညိုတို့နှင့် အတူလာရောက်ကြသည့်အခါတိုင်း ကျောက်ဘီလူးမရုပ်ကြီးအား စားဦးသောက်ဦး တင်မြှောက်လေ့ရှိကြသည် ။ ထို့နေ့တွင် ကျောက်ဘီလူးမရုပ်ကြီးမှ ချည်မန်းကွင်းဖြုတ်ပေးရန်

အော်ဟစ်အကူအညီတောင်းနေရာ ဦးဖြိုး+ဒေါ်မယ်သာ တို့မှာကြောက်ရွံ့သောစိတ် သနားဂရုနာသက်သောစိတ်တို့ဖြင့် အရဲစွန့်ကာ ချည်မန်းကွင်းကိုဖြုတ်ပေးလိုက်ရာ ကျောက်ဘီလူးမရုပ်ကြီးသည် နေရာမှထပြီး နင်တို့ကိုကျေးဇူးတင်တယ် ၊ ငါထိုင်တဲ့နေရာအောက်
မှာရွှေငွေ ကျောက်သံပတ္တမြားတွေအများကြီးပဲရှိတယ် ၊ နင်တို့ အကုန်ယူတော့ဟုပြောပြီး သိုက်ဆရာများရှိသည့် ရေကန်ဆီသို့လျှင်မြန်သော ခြေလှမ်းများဖြင့် ထွက်သွားလေသည် ။
သိုက်ဆရာ ဦးကံဝ (ခေါ် ) ဦးပဉ္ဇင်း၏ ဂါထာမန္တာန်တော်တို့ကြောင့် ငုတ်လျှိုးနေသောရွှေလှေကြီးသည် ရေပေါ်သို့ ပေါ်လာပြီး ထိုအချိန်တွင် ကျောက်ဘီလူးမရုပ်ကြီး အနီးသို့ရောက်ရှိလာသောအခါ တပည့်ကျော် မောင်ကျောက်ဖားမှ ကြောက်စိတ် ဒေါသစိတ်များဖြင့် ကျွဲရုပ်ကြီးအား ဆေးကြိမ်တုတ်ဖြင့် တအားကြုံး၍ရိုက်ရာ စူးစူးဝါးဝါးအသံများ ဟိန်းပြီးကျွဲရုပ်ကြီးမှာရေထဲသို့ငုတ်လျှိုပျောက်ကွယ်သွားလေသည် ။ သိုက်ဆရာ၏ ဂါထာမန္တာန်ကြောင့် ရေပေါ်ပေါ်လာသော ရွှေလှေကြီးသည်ရေ

ကန်အလယ်မှ အရေ့ဘက်စူးစူးရှိ တောင်တော်ဆီသို့ ထွက်ခွါသွားပြီး ကြီးမားခိုင်မာလှသည့် ကျောက်တောင်ကြီးကို ခွင်းဝင်ကာငုတ်လျှိုးပျောက်ကွယ်သွားလေသည် ။
သိုက်ဆရာဦးကံဝ (ခေါ်) ဦးပဉ္ဖင်းနှင့် တပည့်ကျော် ကျောက်ဖားတို့မှာလည်း အလိုအလျှောက် မြေပေါ်တွင်ပျော့ခွေကျသွားပြီး အသက်ပျော်သွားကြလေသည် ။ရွှေလှေငွေလှေများ ခွင်းဝင်ပျောက်သွားသည့် ကျောက်ကွဲကြီးမှာ ဖြောင့်တန်းစွာ ပိုင်းဖြတ်ထားဘိသကဲ့သို့ အကျယ် (၃) ပေခန့် ၊ အမြင့် (၂၅) ပေခန့် ၊ အလျား (၄၀) ခန့်မှာ ယခုအချိန်ထိအထင်အရှားရှိခဲပေသည် ။

ရှေးအခါက အဆိုပါကွဲအက်နေသော ကျော်ကွဲကြားက လေမှုတ်ထုတ်ခြင်း ၊ အတွင်းပိုင်းသို့ လေများစုတ်ယူခြင်းများရှိခဲ့ကြောင်း ၊ ထိုကျောက်ကွဲကြီးထဲသို့ လက်ကိုင်ပုဝါခကြည့်က မှုတ်ထုတ်သည့်လေအားကြောင့် မည်သို့ပင်အောက်သို့ ပစ်ချစေကာမူ

အထက်သို့ပြန်တက်လာကြောင်း လှေခွင်းတောင်တန်ခိုးကြီးကျောင်း၌ ယခင်သတင်းသုံးခဲ့သော ဘရသေ့ကြီး ဦးက္ကန္ဒ၏ မိန့်ဆိုပြောကြားချက်အရ သိရှိရပေသည်။ယင်းကဲ့သို့ သိုက်နန်းရှင်များ နှင့် ရွှေလှေငွေလှေများ ခွင်းဝင်ပျောက်ကွယ်သွားသည်ကိုအကြောင်းပြ၍ထိုတောင်တော်အား "လှေခွင်းတောင်" ဟူ၍ ၄င်း -ရွှေလှေငွေလှေများ ထွင်းဝင်သွားရာ ကျောက်ကွဲကြီးမှာ ညီညာဖြောင့်တန်းစွာ
ပိုင်းဖြတ်ဖောက်ထားသည့် အလားတည်ရှိနေသည်ကို အကြောင်းပြ၍ "လှေထွင်းတောင်" ဟူ၍ ၄င်း -တောင်တော်နှင့်  (၂)မိုင် ပါတ်လည်အတွင်း၌ ဆောင်းရာသီတွင် အခြားအရပ်ဒေသများနှင့် မတူထားခြားစွာ လေတိုက်ခတ်ခြင်းကို အကြောင်းပြု၍ "လေတွင်းတောင်"ဟူ၍ ၄င်း - နတ်သကြား ဗြဟ္မာများ အမြဲစောင့်ရှောက်၍ ဘုရားတည်ထားကိုးကွယ်ရာတောင်တော် အရိယာနွယ်ဝင် သူတော်စင်များ တ
ရားဘာဝနာကျင့်ကြံကြိုးကုတ် အားထုတ်ရာတောင်တော် - ထိုကဲ့သို့ ထူးကဲမြင့်မြတ်သော ဂုဏ်ဆောင်သည့် တောင်တော်ထူးတောင်တော်မြတ်ဖြစ်သဖြင့် "ဓါတ်တောင်-နတ်တောင်" (၀ါ) "သုံးပန်လှတောင်တော်" ဟူ၍အမွှန်းတင်ခေါ်ဝေါ် သမုဒ်ကြလေသည်။
မည်သို့ပင်ဖြစ်စေ ဤတောင်တော်တွင် သိုက်နန်းရှင်များနှင့် ရွှေလှေငွေလှေများ ခွင်းဝင်ခဲ့သည့်အချိန်မှစ၍ သာသနာ့အလင်းရောင်များထွင်းလင်းပေါ်ပေါက်ခဲ့သည်ကို အကြောင်းပြ၍ "သာသနာ့အလင်းရောင် လှေခွင်းတောင်" ဟု ယနေ့တိုင် ခေါ်ဝေါ် သမုဒ်ခဲ့ကြလေသည် ။

လေခွင်းတောင် သမိုင်း

လှေခွင်းတောင်သမိုင်းအကြောင်းကို ရေသားဖော်ပြရာ၌ လှေခွင်းတောင်သမိုင်း၏ အခြေခံကျသည့် ကျည်တောင်ကျေးရွာအကြောင်းကိုချန်လှပ်၍ မရပေ။ သို့ပါ၍ ကျည်တောင်ကျေးရွာအကြောင်းကို ရှေးဦးစွာ ဖော်ပြလိုပေသည် ။ကျည်တောင်ကျေးရွာကို ရှေးလွန်ခဲ့သော နှစ်ပေါင်းရှစ်ရာကျော်ခန့်က ကရင်အမျိုးသားတစ်ဦးဖြစ်သော "သန်းကောက်"ဆိုသူမှ ကရင်ပြည်နယ် အနောက်ဖျားရှိ ငွေတောင်နှင့် နောင်ပုလဲမှ ကရင်လူမျိုး မိသားစု (အိမ်ထောင်စု) များအား ခေါ်ဆောင်လာပြီးဆိပ်ကမ်းသာယာသော ဤနေရာလေး၌ ရွာတည်ထောင်ထားခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က ဤရွာကလေးမှာ အိမ်အနည်း
ငယ်မျှသာ ရှိသေးသည်။ကျည်တောင်ရွာ၏ အနောက်မြောက်ဖက်တွင် ရေဆင်းရွာရှိသည်။ ကျည်တောင်ရွာ နှင့် ရေဆင်းရွာများတွင် ထိုစဉ်က ကရင်အမျိုးသားများ အများစု နေထိုင်ကြသည်။ ကျည်တောင်ရွာသည် ပေါင်းလောင်းမြစ်၏ အနောက်ဖက်ကမ်းတွင် တည်ရှိပြီး ဆိပ်ကမ်းကောင်းတစ်ခုဖြစ်သည်။ကေတုမတီ တောင်ငူပြည်နှင့် ကျည်တောင်ရွာမှ စစ်တောင်းမြစ်ကြောင်းအတိုင်း ဆက်သွယ်လျှက်ရှိသောကြောင့် ရေလမ်းဖြင့်ကူးသန်းရောင်းဝယ်နိုင်သည်။ကျည်တောင်ရွာနှင့်ရမည်းသင်းမြို့မှာ ကုန်းလမ်းခရီးဖြင့်ကူးသန်းရေင်းဝယ်နိုင်သည်။ ထို့ကြောင့်ရှေးအခါကအထက်အရပ်နှင့်အောက်အရပ် ကုန်သည်များကုန်စည်ဖလှယ်ရာရွာကလေးဖြစ်ခဲ့သည်။ကျည်တောင်ရွာ၏ မြောက်ပိုင်းတွင် ကုန်းမြင့်တစ်ခုရှိသည်။ ရွာကုန်းဟုခေါ်ခဲ့ကြသည်။အနောက်ပိုင်းကာလအတန်ကြာသောအခါ ကူးသန်းရောင်းဝယ်ရေးကောင်းသော ဤရွာကလေးသို့ ရှမ်းစော်ဘွားမျိုးနွယ်စုများ ရောက်ရှိလာပြီး ဤရွာကုန်းပေါ်တွင် ဟော်နန်းတစ်ခုတည်ဆောက်၍ ရှမ်းစော်ဘွားမျိုးနွယ်စုများ ကြီးစိုးနေထိုင်ခဲ့ကြလေသည်။ကျည်တောင်ကျေးရွာကို ရှေးအခါက "ကြည့်တောင်ရွာ" ဟုခေါ်ကြသည်။ ကြည့်တောင်ရွာဟု ခေါ်ဆိုကြခြင်းမှာ ပေါင်းလောင်းမြစ်၏ အရှေ့ဘက်ကမ်းရှိ တောင်တန်းကြီးများကို ကြည့်လျှင် အလွန် ကြည်နူးဖွယ် ရှု့ခင်းကြီးအဖြစ် တွေ့မြင်ရပြီးသာယာသော တောင်တန်းကြီးများ၏ ရှု့ခင်းများကို ကြည့်ရသောကြောင့် "ကြည့်တောင်ရွာ" ဟု၎င်း၊ လှေခွင်းတောင်သိုက်သမိုင်းအရ "မယ်ဖြူ-မယ်ညို" တို့ ညီအမသည် ငယ်စဉ်က မိဘနှစ်ပါးကို သွားရောက်ကြိုကြသည့် အခါတိုင် အမြဲမျှော်ကြည့်ခဲ့ရ
သော ရွာကလေးဖြစ်၍၄င်း၊ "ကြည်တောင်ရွာ " ဟု အမည်တွင်ခဲ့လေသည်။ နောင်ကာလရွေ့လျားလာသောအခါ "ကြည့်တောင်ရွာ"မှ ယခုအခါ "ကျည်တောင်ရွာ" ကလေးဖြစ်လာခဲ့ပေသည်။

ဗုဒ္ဓဘာသာ သမိုင်း

ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။

ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။
(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)
ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)

၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)
ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
၎င်းဘီစီ-၅၈၈-(မြန်မာလလို-၀ါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။

မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့် -၁၄၄-မိုင် ဝေးပါသည်။

ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးသာ ပါဝင်ပါသည်။ ၄င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။
နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စ၀ဂ္ဂီရဟန်းတော် ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။

ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။

ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။

ပထမသင်္ဂါယနာ-
ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ၀ါတော်အနေအားဖြင့်(၄၅)၀ါအတွင်း ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ--
ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌ ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။ ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က ၀ိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာတာဝန်ယူပါသည်၊ အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ၀ါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ (၇)လကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍ (အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။ “သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။
ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို အစွဲပြု၍ “ထေရိက”၊ နောက် မထေရ်အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရ၀ါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါသည်။

ဒုတိယသင်္ဂါယနာ-
(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊ ၀ါဠုကာရုံကျောင်းမှာ ဒုတိယသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည် အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင်ရေ၀တမထေရ်တို့က အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော် (၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည် ကာလာသောကမင်းဖြစ်ပါသည်။

တတိယသင်္ဂါယနာ-
(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊ အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။ အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌ ၀ိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။ အထောက်အပံ့မင်းမှာ အသောကမင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ ကြာပါသည်။

တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု စေလွှတ်တော်မူပါသည်။

(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-
၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။
၂။ မဟိံသကအရပ်=အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။
၃။ ၀န၀ါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၎။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။
၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။

စတုတ္ထသင်္ဂါယနာ-
(B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊ အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။ -၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည် ၀ဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော်များကို ပေရွက်တွင် အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။

နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-

ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-
မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-
တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-
ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-
ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-
ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-
ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-
ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-
အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-
တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-
ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-
အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး ကွယ်ပျောက်သွားခဲ့ပါသည်။

မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-
မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။ အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။

ပဉ္စမသင်္ဂါယနာ-
A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင် ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ မင်းတုန်းမင်းကြီး ဖြစ်ပါသည်။ ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။ ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။

ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-
A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး -Henry Steel Olcott-က စတင် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-
A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး ပထမဆုံးသော ပိဋကတ်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-
A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။
A.D -၁၉၅၆-ခုတွင် အိန္ဒိယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။ ၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိန္ဒိယနိုင်ငံသား (၁)သန်းခန့် ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။

ဆဋ္ဌသင်္ဂါယနာ-
A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ ညောင်ရမ်းဆရာတော် အရှင်ရေ၀တမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ ရွတ်ဖတ်သရဇ္ဈာယ်သောမထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ ဖြစ်ပါသည်။ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ထေရ၀ါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက်အပံ့ဒကာမှာ ၀န်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။

မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ ပြန်လည် စစ်ဆေးဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။

အိန္ဒိယနိုင်ငံနှင့် ၀ိပဿနာ-
A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင် ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ၀ိပဿနာတရား ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။

ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-
A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို အင်္ဂလန်နိုင်ကနေ ဖန်တီးနိုင်ခဲ့ပါသည်။

အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-
A.D-၂၀၀၁၊ မတ်လတွင် အာဖစ်ဂန်နစ်တန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကို တာလီဘမ်တို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။
ဒီအကြောင်းများကို ညီလေး ဝေဖြိုးကျော်ဆိုဒ် http://hktmyanmar.blogspot.com/ ကနေ ယူထားခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာပျံ့ပွားစေရန်နှင့် ဘာသာဝင်များသိသင့်သိထိုက်သော အကြောင်းများဖြစ်သောကြောင့်ရေးသားထားခြင်းဖြစ်ပါသည်

ကျေးဇူး ကြီးလှတဲ့ မေမေ

ကျွန်တော် ဒီစာလေးကို ဖတ်ပြီးတော့ ကျွန်တော့်မေမေကို အရမ်းသတိရမိတယ် ကျေးဇူးအလွန်မှ ကြီးမားတဲ့ မွေးမိခင်ပါ ကျွန်တော့်ဆီကိုမေးပို့ပေးတဲ့ sweety baby ကိုကျေးဇူးတင်ပါတယ် ဒီစာလေးတွေဖတ်ပြီးကျေးဇူး ကြီးလှတဲ့ မိနှင့်ဖ ကိုကျေးဇူးအမြန်ဆက်ကြရအောင်နော်......... ကျေးဇူးဆပ်နိုင်ကြပါစေ မိဘကိုအလုပ်အကျွေးပြုနိုင်ကြပါစေ...





သားတို့ အိမ်ပြန်ကြရအောင် အမေ



"ပေါ့ရင် အရသာမရှိဘူးနဲ့ ဒီနေ့ချက်တာ နည်းနည်းငန်တော့ မျိုမကျဘူးတဲ့။ ဘယ်လိုလုပ်ပေးရမလဲ"

အိမ်ထဲဝင်ဝင်ချင်း ထမင်းစားခန်းမှ လွှင့်လာတဲ့အသံက ဆီးလို့ကြိုတယ်။ သားကို မြင်တော့ အမေက ခေါင်းငုံ့ပြီး ထမင်းဆက်စားတယ်။ မိန်းမက သူ့ကို မျက်စောင်းနဲ့ ကြည့်တယ်။ အမေစားနေတဲ့ ဟင်းကို သူ မြည်းကြည့်ပြီး ချက်ချင်း ထွေးထုတ်လိုက်မိတယ်။

"အမေ့ရောဂါက အငန်နဲ့ မတည့်ဘူးလို့ ပြောထားတယ် မဟုတ်လား"

"ဒါဆို ရှင့်အမေကို ရှင်ပဲချက်ကျွေးပေါ့" ခြေဆောင့်ပြီး သူမ ထွက်သွားတယ်။

သက်ပြင်းတစ်ချက်ကို သူခပ်ဖွဖွချရင်း...
"အမေ.. အဲတာတွေ မစားနဲ့တော့.. သား ခေါက်ဆွဲချက်လိုက်မယ်"

"သား... အမေကို သား ဘာပြောစရာရှိလဲ? ပြောစရာရှိတာ ပြောနော်သား..စိတ်ထဲ ထည့်မထားနဲ့"

"နောက်လကျရင် သားရာထူးတက်ပြီ အမေ။ သား ဒီထက် ပိုအလုပ်များတော့မယ်။ အမေ့ချွေးမကလည်း အပြင်ထွက် အလုပ်လုပ်ချင်တယ်တဲ့.. ဒါကြောင့်.. "

သား ဘာကိုဆိုလိုချင်မှန်း အမေသိလိုက်တယ်။

"သားရယ် အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်"

တိုးလျှိုးတောင်းပန်စွာ အမေဆိုတော့ သားစိတ်မကောင်းဖြစ်ပြီး ခဏလောက် နှုတ်ဆိတ်သွားတယ်။

"အမေ.. လူအိုရုံက မကောင်းတာ မဟုတ်ဘူး။ အမေ့ချွေးမ အလုပ်ရရင် အမေ့ကို ပြုစုဖို့အချိန် ရှိတော့မှာ မဟုတ်ဘူး။ လူအိုရုံမှာ အမေ့ကို ပြုစုမယ့်လူ၊ ချက်ကျွေးမယ့် ၀န်ထမ်းတွေရှိတယ် အမေ။ အိမ်မှာထက်စာရင် ပိုကောင်းတာပေါ့ အမေရယ်"

"ဒါပေမဲ့.. သားရယ်..."

အမေ့စကားကို သူ မကြားချင်ဟန်ဆောင်ပြီး ရေချိုးခန်းဘက် ထွက်လာခဲ့တယ်။ သားအမိနှစ်ယောက် ခေါက်ဆွဲအတူစားပြီး စာကြည့်ခန်းထဲ သူဝင်ခဲ့တယ်။ ပြတင်းပေါက် အပြင်ဖက်ကို ငေးကြည့်ရင်း သူတွေဝေနေမိတယ်။ ငယ်ငယ်ရွယ်ရွယ် မုဆိုးမဖြစ်ခဲ့ရတဲ့ အမေ၊ သားကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင် ကျွေးမွေးခဲ့တဲ့ အမေ၊ သားကို လူရာဝင်အောင် နိုင်ငံခြားအထိ ပညာသင်ခွင့် ပေးခဲ့တဲ့ အမေ.. သားကို ကြီးပြင်းအောင် ကျွေးမွေးအနစ်နာခံခဲ့တာကို အကြောင်းပြပြီး သားဆီက ဘာမှပြန်မမျှော်လင့်ခဲ့တဲ့ အမေကို အိမ်ထောင်ရေး တည်မြဲဖို့ မိန်းမဆန္ဒကြောင့် လူအိုရုံပို့ရတော့မယ်။ သက်ပြင်းလေးလေးတစ်ချက် သူချလိုက်မိတယ်။ သား ရင်ထဲမှာ မချိလိုက်တာ အမေရယ်...

"မင်းရဲ့ လက်ကျန်ဘ၀ကို မင်းအမေက အဖော်ပြုမှာ မဟုတ်ဘူး.. မင်းမိန်းမကပဲ အဖော်ပြုမှာ"

"မင်း အမေ အသက်ကြီးပြီကွာ။ နေလိုရရင် နောက်ထပ် ၄ . ၅ နှစ်ပေါ့။ အဲဒီ နှစ်တိုတိုလေးမှာ အမေကို သေချာပြုစု ဂရုစိုက်ပါကွာ။ မရှိတော့မှ ငါမကျွေးလိုက်ရပါလား? ငါ မမွေးလိုက်ရပါလားလို့ နောင်တမရနဲ့"

ပတ်ဝန်းကျင်က သူငယ်ချင်း မိတ်ဆွေတစ်ချို့ရဲ့ စကားသံကို ပြန်ကြားယောင်ရင်း သူရှေ့ဆက် မတွေးရဲတော့ဘူး။

အမေ့အတွက် ငွေကုန်ကြေးကျများရင် ဂရုစိုက် ရိုသေရာရောက်တယ်လို့ ထင်မယ်ဆိုလည်း ထင်ကြတော့။ တောင်စွယ်နေကွယ်လုဆဲ ညနေခင်းတစ်ခု မြို့ပြင်မှာ တည်ထားတဲ့ လူအိုရုံဆီ သူတို့ရောက်လာခဲ့တယ်။ လူအိုရုံရဲ့ဧည့်ခန်းကို သူတို့ဖြတ်လျှောက်တော့ ၄၂လက်မ တီဗွီဖန်သားပြင်ပေါ်မှာ ဟာသကား တစ်ကားပြနေတာကို တွေ့လိုက်တယ်။ ဒါပေမဲ့ ကြည့်နေတဲ့ ပရိသတ်ဆီက ဘာရီသံမှ မကြားရဘူး။

ပုံစံတူ အင်္ကျီ၊ ပုံစံတူညှပ်ထားတဲ့ ဆံပင်နဲ့ လူအိုတစ်ချို့ ဆိုဖာပေါ်မှာ စောင်းစောင်းရွဲ့ရွဲ့ ထိုင်နေကြတယ်။ ငူငူငိုင်ငိုင် ထိုင်နေတဲ့ အဘွားအိုတစ်ယောက် ပါးစပ်က တစ်တွတ်တွတ်ရွတ်နေတယ်။ တုန်ချိချိ အဘွားအို တစ်ယောက် ကြမ်းပြင်ပေါ်ကျနေတဲ့ မုန့်ကို ကုန်းကောက်ဖို့ ကြိုးစားနေတယ်။ မြင်ကွင်းတွေကို သားအကြည့် လွဲပြီး နေရောင်ရတဲ့ အခန်းတစ်ခန်းကို အမေ့အတွက် ရွေးလိုက်တယ်။ အခန်းပြတင်းပေါက်က အပြင်ကို လှမ်းကြည့်မိတော့ သစ်ပင်ရိပ်အောက်မှာ လက်တွန်းလှည်းနဲ့ နပ်စ်တစ်ချို့ကို တွေ့လိုက်တယ်။ ပျင်းရိပျင်းတွဲ ညနေခင်းရဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မြင်ကွင်းက မြင်ရသူအဖို့ ရင်နင့်စရာကောင်းလှတယ်။

"အမေ.. သား .. သွားတော့မယ်"
သူ့နှုတ်ဆက်စကားကို အမေ ခေါင်းညိတ်ပြတယ်။ တုန်ရီနေတဲ့ လက်နဲ့ဝှေ့ယမ်းပြတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး တစ်ခုခုပြောဖို့ ကြိုးစားတယ်။ အမေ.. ဆံပင်တွေတောင် ငွေရောင်သမ်းခဲ့ပါပေါ့လား.. မျက်လုံးထောင့်က အရစ်ကြောင်းတွေတောင် နက်သထက် နက်ဝင်ခဲ့ပါပေါ့လား... အမေ တကယ်အိုခဲ့ပါပေါ့လား....
သားတို့ အိမ်ပြန်ကြရအောင် အမေ



(၁)
အဲဒီတုန်းက သူ(၆)နှစ်။ ကိစ္စတစ်ခုကြောင့် အမေခရီးထွက်ရမယ်ဆိုလို့ သူ့ကို ဦးလေးအိမ်မှာ ခဏ သွားအပ်ခဲ့တယ်။ ပစ္စည်းတွေယူပြီး အမေသွားဖို့ပြင်တော့ ကြောက်အားလန့်အားနဲ့ အမေ့ အင်္ကျီိကိုဆွဲပြီး သူအော်ငိုတော့တယ်။

" အမေ.. သားကို ခွဲမသွားပါနဲ့...အမေ သားကို ထားမသွားပါနဲ့"
ရှိုက်ကြီးတငင်ငိုနေတဲ့ သူ့ကို အမေ ထားမသွားရက်ခဲ့ဘူး။ အမေ့လက်ကို ဆွဲပြီး ဦးလေးအိမ်က ထွက်လာတော့ ခြံတံခါးကို သူဆွဲပိတ်ခဲ့လိုက်တယ်။ သူ့ကို ထားခဲ့ဖို့ လာသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီး တစ်သက်လုံး ကပ်ညှိမလာအောင် တံခါးဝဖက်ကို သူယောင်လို့တောင် လဲမကြည့်ခဲ့ဘူး။

(၂)
အိမ်ထဲ ၀င်လိုက်တာနဲ့ မိန်းမနဲ့ ယောက္ခမက အမေ့အခန်းထဲက ပစ္စည်းတွေကို လွင့်ပစ်ဖို့ သိမ်းနေတာနဲ့ သွားတိုးတယ်။ ၂ပေမြင့်တဲ့ ဒိုင်းဆုတစ်ခု.... အထက်တန်းတုန်းက "ကျွန်တော်၏ မိခင်" ဆိုတဲ့ စာစီစာကုံးနဲ့ သူ ပထမဆုရထားတဲ့ ဒိုင်းဆုလေး။ အဘိဓာန် စာအုပ်တစ်အုပ်... အမေ့ချွေးနဲစာနဲ့ ၀ယ်ပေးခဲ့တဲ့ သူ့ရဲ့ ပထမဦးဆုံးသော မွေးနေ့လက်ဆောင်။ အကြောပြေ လိမ်းဆေးတစ်ဘူး...အမေ အိပ်ရာမ၀င်ခင် လိမ်းတတ်တဲ့ဆေး... လိမ်းပေးမဲ့သူ မရှိဘဲ အမေ့ကို ဒီဆေးပေးလိုက်တော့လဲ ဘာထူးမှာလဲ...

"တော်ပြီ.. မသိမ်းကြပါနဲ့တော့" သူ အော်လိုက်မိတယ်။
"ဒီလောက်များတဲ့ အမှိုက်တွေ မပစ်ထုတ်ရင် ငါ့ပစ္စည်းတွေ ဘယ်နားသွားထားရမလဲ" ယောက္ခက စူးစူးဝါးဝါး ကြည့်ရင်း ပြန်အော်တယ်။

"ဟုတ်ပါ့.. အဲဒီကုတင်စုတ်ကြီးလည်း ပစ်ထုတ်လိုက်စမ်းပါ။ မနက်ဖြန်ကျမှ အမေ့အတွက် သမီး ကုတင်အသစ်တစ်လုံး ၀ယ်ပေးမယ်နော်"

ကုတင်ခေါင်းရင်းမှာ ထောင်ထားတဲ့ ဓာတ်ပုံကို သူတွေ့လိုက်တယ်။ အဲဒီပုံက သူ့ကို အမေ ကစားကွင်း လိုက်ပို့တုန်းက ရိုက်ထားတဲ့ပုံဖြစ်တယ်။
"ဒါတွေဟာ ကျွန်တော့်အမေရဲ့ အမွေတွေ... တစ်ခုမှ မပစ်နိုင်ဘူး"
"ဒါ ဘာအချိုးလဲ.. ဘာလို့ အမေ့ကို ပြန်အော်ရတာလဲ.. အမေ့ကို ချက်ချင်းတောင်းပန်လိုက်"

"မင်းကို ငါ လက်ထပ်ခဲ့တာနဲ့ မင်းအမေကို ချစ်ရမယ်ဆိုရင် ဘာဖြစ်လို့ ငါ့ကို လက်ထပ်ခဲ့ပြီး ငါ့အမေကို မင်း မချစ်ခဲ့ရတာလဲ"

(၃)
မိုးရွာပြီးစမို့ ညက ပိုအေးစက်နေတယ်။ လူသူကင်းရှင်းတဲ့ လမ်းမပေါ်မှာ ကားလေးတစ်စီး မြို့ပြင်က လူအိုရုံဖက် ဦးတည်ပြီး တရိပ်ရိပ်ပြေးနေတယ်။ လူအိုရုံရောက်တော့ ကားပေါ်က အမြန်ဆင်းပြီး အမေ့အခန်းဖက် သူပြေးသွားလိုက်မိတယ်။ သူ့လက်ထဲမှာ အမေ အမြဲလိမ်းတတ်တဲ့ အကြောပြေဆေးဘူးကို တင်းတင်း ဆုပ်ကိုင်ထားတယ်။

"အမေ.. ဆေးကျန်ခဲ့လို့ သားလာပို့တာ"
အမေ့ကုတင်ရှေ့ သူဒူးထောက်ချလိမ့်မိတယ်။
"မိုးချုပ်နေပြီ သားရယ်.. မနက်ဖြန် အလုပ်ရှိသေးတယ် မဟုတ်လား.. ပြန်ပါသား.. ဆေးကို အမေ့ဘာသာ လိမ်းလို့ရတယ်"

"အမေ.... " သူ့အသံတွေ လည်ချောင်းဝမှာ တစ်ဆို့နေတယ်။
"အမေ သားကို ခွင့်လွတ်ပါ အမေ... သားတို့ အိမ်ပြန်ကြရအောင်နော်"
အိုမင်း ပိန်လှီနေတဲ့ အမေ့ခန္ဓာကိုယ်ကို တင်းတင်းလေး သူဖက်ထားလိမ့်မိတယ်။ သူ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့...

"သားတို့ အိမ်ပြန်ကြရအောင် အမေ"

Monday, September 17, 2007
အိုသွားတဲ့ တစ်နေ့



"ကလေးရဲ့ ပထမဆုံး သွားတစ်ချောင်းက တစ်နှစ်နဲ့ ဘယ်နှစ်လမှာ ပေါက်တယ်ဆိုတာကို မှတ်မိနေပြီး မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်း ဘယ်အချိန်မှာ ကျိုးသွားသလဲ ဆိုတာကိုတော့ မေ့နေတတ်တယ်"

ဆေးရုံတစ်ရုံရဲ့ အ၀င်ဝမှာ ရေးကပ်ထားတဲ့ ပိုစတာလေးကို မြင်မှာ ကျွန်မအသိစိတ်တွေ နှိုးထလာတယ်။ အခုခတ်က ငယ်ရွယ်တဲ့ အိမ်ထောင်သည်တွေ ကိုယ်တိုင်ဝမ်းနာပြီး မွေးထွက်လာတဲ့ ကလေးတွေကိုပဲ ဂရုစိုက်တတ်ကြတယ်။ ကိုယ့်ကိုလည်း အမေ၀မ်းနာပြီး မွေးထွက်လာခဲ့တယ် ဆိုတာကို မေ့နေတတ်ကြတယ်။

စနေနေ့ မနက် အိပ်ရာပေါ်မှာ ဇိမ်နဲ့နှပ်နေတုန်း ဖုန်းသံကြောင့် ကျွန်မ အိပ်မက်က လန့်နှိုးလာခဲ့တယ်။ အမေဆီက ဖုန်းပါ။ ကလေးတွေခေါ်ပြီး အမေ့အိမ်မှာ နေ့လယ်စာ သွားစားဖို့ ဆက်လိုက်တာဖြစ်တယ်။

"ကလေးတွေကို မက်ဒေါ်နယ်သွားစားဖို့ ပြောထားပြီးပြီ အမေရဲ့"
"အဲဒီပိုက်ဆံကို ချွေသာလိုက်ပါ သမီးရယ်... ကားမောင်းလာရင် ၁၀မိနစ်ထဲပါ"
အမေက မရမက တောင်းဆိုနေတယ်။ ကလေးတွေက အမေချက်တာကို စားချင်မှာ မဟုတ်ဘူး။ ဟမ်ဘာဂါပဲ စားချင်ကြမှာပဲလို့ ကျွန်မ တွေးလိုက်မိတယ်။

အမေကို လာမယ်၊ မလာဘူးလို့ မပြောခင် ကျွန်မ တွေဝေနေတုန်းမှာ အကြီးမနဲ့ အငယ်လေးက ဖုန်းပြောနေတဲ့ ကျွန်မကို လာခါပြလိုက်၊ ခေါင်းခါပြလိုက်နဲ့ အဘွားအိမ်ကို မသွားချင်ကြောင်း လုပ်ပြနေတယ်။ သမီးတွေက ရုံးပိတ်ရက် မိသားစု စုံစုံညီညီနဲ့ အပြင်ထွက်ပြီး အတူစားချင်ပုံရတယ်။

"အမေ့မြေးတွေနဲ့ တိုင်ပင်ပြီး သမီး ဖုန်းပြန်ဆက်လိုက်မယ် အမေ"
"အေးပါ သမီးရယ်"
ဖျော့တော့တော့ အသံနဲ့ အမေဖုန်းချသွားတယ် ဆိုရင်ပဲ ကလေးတွေက တစ်ပြိုင်ထဲ
"အဘွားအိမ် မသွားချင်ဘူး။ မက်ဒေါ်နယ် သွားစားမယ်လို့ ပြောထားပြီသားပဲ" လို့ ၀ိုင်းအော်ကြတယ်။

"အဘွားရဲ့ ရည်ရွယ်ချက်က နေ့လယ်စာ စားဖို့ မဟုတ်ဘူး။ သူ့မြေးတွေဖြစ်တဲ့ သမီးတို့ကို ကြည့်ချင်လို့"
"အရင်အပတ်ကပဲ သမီးတို့ သွားခဲ့ပြီးပြီလေ မေမေ"

ကျွန်မရှင်းပြတာကို သမီးတွေက လက်ခံချင်ပုံ မရခဲ့ဘူး။
"တစ်ချိန်မှာ မေမေလဲ အိုသွားတဲ့အခါ သမီးတို့ကို "သမီးတို့ရေ အိမ်ကို လာခဲ့ပါဦး။ မေမေ ကိတ်မုန့်ဖုတ်ထားတယ်။ မြေးတွေလဲ ခေါ်ခဲ့နော်" လို့ ဖုန်းဆက်ခေါ်ရင် "ကိတ်မုန့်ကို အပြင်မှာ ၀ယ်စားလဲရတာပဲ အမေ.. သမီးတို့ မအားဘူး" လို့ ပြန်ပြောရင် အခု ဘွားဘွား စိတ်မကောင်းဖြစ်သွားသလို မေမေလဲ စိတ်မကောင်းဖြစ်လိမ့်မယ်" လို့ ရှင်းပြတော့ လေးနှစ်သမီးလေးက "သမီး အဲလို မပြောဘူး။ ဟုတ်ကဲ့လို့ ပြောမယ် မေမေ" တဲ့။ နောက်ဆုံး သမီးတွေနဲ့ တိုင်ပင်ပြီး နေ့လယ်စာကို မက်ဒေါ်နယ် စားပြီး ညနေစာကို အမေ့အိမ်မှာ စားဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်တယ်။

ညနေ အိမ်လာခဲ့မယ်လို့ အမေ့ကို ဖုန်းပြန်ဆက်တော့ အမေက "အေး.. ဒါဆိုရင် အမေ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်" လို့ ၀မ်းသာအားရ ပြန်ပြောတယ်။

ညနေ အမေ့အိမ်ရောက်တော့ အမေက မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့ ချက်ပြုပ်နေတယ်။ အမေ့ကိုကူဖို့ ကျွန်မ မီးဖိုထဲဝင်တော့ အမေက ပုခုံးကျောတွေ ကိုက်ကြောင်း ပြောပြတယ်။

" ဆေးခန်းမသွားဘူးလား အမေ၊ ဆေးမလိမ်းဘူးလား"
"သွားလဲ မထူးပါဘူး သမီးရယ်။ ဆေးလိမ်းလဲ မသက်သာပါဘူး"
အမေ့စကားကို ကြားမှ အမေလိုအပ်နေတာ ဆေးခန်းတွေ၊ လိမ်းဆေးတွေ မဟုတ်ဘဲ ကျွန်မတို့ရဲ့ ဂရုစိုက်မှု၊ ပြုစုမှုဆိုတာကို ကျွန်မ သဘောပေါက်တော့တယ်။

အသန့်အပြန့် ကြိုက်တဲ့ အမေ့ရဲ့ မီးဖိုချောင်က အိုးတွေဟာလဲ ဆီချေးတွေ အထပ်ထပ် ပေနေတာကို ကျွန်မ သတိထားမိလိုက်တယ်။ အိုးတွေကို တိုက်ချွတ်ဆေးနေရင်း "အိုးတွေကို တိုက်ချွတ်ဖို့ အမေအားတွေ မရှိတော့လို့ဖြစ်မယ်" လို့ ကျွန်မ စဉ်းစားလိုက်မိတယ်။

အရင်တုန်းက လက်တစ်ဖက်က ကျွန်မကို ချီပိုးရင်း၊ ကျန်လက်တစ်ဖက်နဲ့ ကြော်လှော်ချက်ပြုတ်ခဲ့တဲ့ အမေ... အိမ်ရှေ့၊ အိမ်နောက်၊ အိမ်ထောင့်တွေပါ မကျန် သပ်ရပ်သန့်ရှင်းအောင် အမြဲရှင်းလင်းတတ်တဲ့ အမေ..... အခုခါမှာတော့ ဇရာထောင်းပြီး လက်တွေလဲ အင်အားချိခဲ့ပါပြီ။ ဒါတောင် သူချစ်တဲ့ သားသမီး မြေးတွေကို ကိုယ်တိုင်ချက်ပြုပ် ကျွေးမွေးချင်နေတုန်းပါပဲ။

ကျွန်မ ဘယ်လောက်ပဲ ပင်ပန်းပြီး၊ အလုပ်များနေပါစေ အချိန်တစ်ချိန် ကန့်သတ်ပြီး အမေ့အိမ်ကို အမြဲပြန်ပြီး အိုးတွေကို တိုက်ဆေးပေးမယ်ဖို့ ကျွန်မ ဆုံးဖြတ်ချက် တစ်ခု ချလိုက်မိပါတယ်။ နောင်တစ်ချိန် ကျွန်မ အိုသွားတဲ့တစ်နေ့၊ လက်တွေ လှုပ်ရှားဖို့ အားအင် နည်းသွားတဲ့အခါ သားသမီးတွေလည်း အိမ်ကို အမြဲပြန်လာပြီး အိုးတွေ တိုက်ဆေးပေးဖို့ ကျွန်မ မျှော်လင့်မိပါတယ်။

အမေ့လက်

မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။

မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။

ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ "အလှ" "အလုပ်"
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။

ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)
ငိုတယ်ဆိုတာ မိန်းမသားတွေရဲ့ မူပိုင်



"မေမေ ဘာလို့ ငိုတာလဲ"
"မေမေဟာ မိန်းမသားမို့ပေါ့ကွယ်"
"သား နားမလည်ဘူး မေမေ"
"သား တစ်သက်လုံး နားလည်မှာ မဟုတ်ပါဘူး သားရယ်"

"ဖေဖေ... အကြောင်းမရှိဘဲ မေမေ ဘာလို့ ငိုရတာလဲဟင်"
"မိန်းမတွေက ဒီလိုပဲ သားရာ"
ကြီးပြင်းလာတဲ့ အထိ မိန်းမတွေ ဘာလို့ငိုတယ်ဆိုတာကို သား နားမလည်ခဲ့ဘူး။ နောက်တော့ သူဟာ ဘုရားသခင်ကို ဖုန်းဆက် မေးမြန်းပါတော့တယ်။
"မိန်းမတွေ ဘာကြောင့် ငိုရပါသလဲ ဘုရားသခင်"
"မိန်းမတွေကို စတင်ဖန်တီးလိုက် ကတည်းက သူတို့ကို ထူးခြားအောင် ဖန်တီးခဲ့ပါတယ်။ သူတို့ရဲ့ ပုခုံးနဲ့ ကမ္ဘာကြီးကို ထမ်းပိုးနိုင်အောင် ဖန်တီးခဲ့သလို ရေလို့ ပျော့ပျောင်းအောင်လည်း ဖန်တီးခဲ့တယ်။ ၀မ်းနည်းမှု၊ နာကျင်မှု၊ သားသမီးတွေရဲ့ ငြင်းပယ်မှုတွေကိုလည်း ခံနိုင်ရည်ရှိအောင် သူတို့ရဲ့ အတွင်းစိတ်ဓာတ်ကိုလည်း ကြံ့ခိုင်အောင် ဖန်တီးခဲ့တယ်"

"တစ်ခြားသူတွေ လက်လွတ် အရှုံးပေးတဲ့ အချိန်မှာ သူတို့က မလျော့တဲ့ဇွဲနဲ့ တောင့်ခံနိုင်ပြီး ကိုယ့်သားသမီး ကိုယ့်မိသားစုအပေါ် နောင်တ တရားမရဘဲ ပြုစုစောင့်ရှောက်ပေးနိုင်ဖို့လည်း ဖန်တီးခဲ့တယ်"

"ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် သားသမီးတွေက ကိုယ့်ကို ထိခိုက်စော်ကားပြီး စွန့်ပစ်ခဲ့ရင်တောင် ခွင့်လွတ်ပြီး ချစ်တတ်ဖို့လည်း ဖန်တီးခဲ့တယ်"

"ခင်ပွန်းရဲ့ ပျော့ကွက်နဲ့ အသုံးမ၀င်မှုတွေကို ခွင့်လွတ်သည်းခံပြီး ကာကွယ်ပေး တတ်ဖို့လည်း ဖန်တီးခဲ့တယ်"

"ယောက်ျားကောင်းတစ်ဦးဟာ ဘယ်တော့မှ ကိုယ့်ဇနီးကို နာကျင်အောင် မလုပ်ဘူးဆိုတဲ့ အသိဥာဏ်ကိုလည်း ထည့်သွင်းပေးခဲ့တယ်"

"တစ်ခါတလေမှာ ခင်ပွန်းသည်ရဲ့ ဆုံးဖြတ်ချက်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို ထောက်ခံ အားပေးတတ်ဖို့လည်း ဖန်တီးခဲ့တယ်"

"နောက်ဆုံး သူ အလိုကျသလောက် မျက်ရည်ကျနိုင်အောင်လည်း ဖန်တီးခဲ့တယ်။ ဒါဟာ သူပိုင်ဆိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်တယ်"

"မိန်းကလေးတွေ လှတယ်ဆိုတာ သူဝတ်ထားတဲ့ အ၀တ်အစား၊ သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သူ့ရဲ့ ဖီးလိမ်းပြင်ဆင်မှုကြောင့် မဟုတ်ဘူး၊ မိန်းကလေးတွေရဲ့ အလှကို သူတို့ရဲ့ မျက်စိထဲကနေ တွေ့နိုင်တယ်။ မျက်စိဆိုတာ စိတ်ရဲ့ တံခါးပေါက်ပဲ"

ဒီစာကို မိန်းကလေးတိုင်း ဖတ်မိနိုင်ပါစေ။ မိန်းကလေးတိုင်းကို ပေးဖတ်လိုက်ပါ။ မိန်းကလေးတိုင်း ဖတ်ရအောင် သင်မျှဝေနိုင်ခဲ့ရင် သင်ဟာ သူတို့ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို မြှင့်တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ မိန်းမသားတိုင်း လှကြပါတယ်။

ဖခင် ဗိုလ်ချုပ်

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သတ်မှတ်ပြီး ယနေ့ထက်တိုင် အောင့်မေ့ သတိရ အမှတ်တရ ကျင်းပလျက်ရှိသည်။

ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)
ဗိုလ်ချုပ် အောင်ဆန်း

ဗိုလ်ချုပ် အောင်ဆန်း ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာ အမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူ ခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင် ခဲ့သည်။ ပညာ ထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာလည်း လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သော အိုးဝေ မဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်ပြီး သရမ်း နေသည် (The Hell Hound At Large)” ခေါင်းစဉ်ဖြင့် ပေးစာ တစောင် ဖော်ပြခဲ့ မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် ဖြစ်ပွား စေခဲ့သော အဓိက အကြောင်းရင်း တချက် ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်၏ သပိတ်မှောက် ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။
ကုလား - ဗမာ အဓိကရုဏ်း ပေါ်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခ ရောက်သူ များအား ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ခု သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်း ပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင် ခံစာကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၁၉၃၈ - ၃၉ တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ် အပြီးတွင် ပေါ်ပေါက် လာသော ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တဦးလည်း ဖြစ်ပြီး၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက် ခဲ့သည်။ ၁၉၃၈ - ၃၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ် ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသား ကိုယ်စားလှယ် အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တကသ ဥက္ကဋ္ဌ အဖြစ် သက်တန်း ကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင် အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူး အဖြစ် တက်မြောက်ခြင်း ခံရသည်။
သခင် အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူး အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက် ခဲ့သော ပြည်သူ့ အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ် ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေး ခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄ဝ မတ်လ အတွင်း အိန္ဒိယ နိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက် ခဲ့သည်။ သခင် အောင်ဆန်းအား အင်္ဂလိပ် နယ်ချဲ့ အစိုးရကို ဆန့်ကျင် ဟောပြော မှုဖြင့် ဖမ်းဆီးရန် ဟင်္သာတ ခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄ဝ သြဂုတ်လ အတွင်း မြန်မာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ် နယ်ချဲ့ အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက် အားဖြင့် မောင်းထုတ် နိုင်ရန် အတွက် နိုင်ငံခြားမှ အကူအညီ ရယူရန် တရုတ်နိုင်ငံသို့ စွန့်စား ထွက်ခွာ ခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင် နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ် ဆောင်ရွက် ပေးမှုကြောင့် ဂျပန် အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ် ရကာ ဂျပန် နိုင်ငံသို့ ရောက်သွားသည်။ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်း တရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင် များနှင့် ညှိနှိုင်းခဲ့သည်။ ယင်း စီမံကိန်း အရ မြန်မာပြည် အတွင်းမှ မျိုးချစ် လူငယ် များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ် တစုသည် ပင်လျှင် နောင်သော အခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော် သုံးကျိပ် ဖြစ်လာ ခဲ့သည်။ ဤမျိုးချစ် လူငယ်များသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်း တည်ထောင်ကာ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်များ နှင့်အတူ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။
ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသော အခါ အင်အား ကြီးထွားပြီး ဗရမ်းဗတာ ဖြစ်လာသော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အင်အား လျော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်း သည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြု ဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသော အခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေး သမားများသည် မြန်မာ နိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တနိုင်ငံ သဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ် သြဂုတ်လ အတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက် ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန် တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့ တပ်မတော်ကို ဂန္ဒီ စာချုပ် အရ ဆက်လက် ဖွဲ့စည်း တည်ထောင် ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌ အဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင် ခဲ့သည်။
ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေး ကိုသာ ပြည်သူ လူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက် လာပြီး၊ နယ်ချဲ့ အင်္ဂလိပ် တို့၏ အုပ်ချုပ်ရေး ရပ်တန့် သွားခဲ့ရသည်။ ဗြိတိန် အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံ အသစ် အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ် လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်း လာတော့သည်။ ထို ကမ်းလှမ်းချက် များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်း ကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက် ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ် အတွင်း လုံးဝ လွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ် အရ မြန်မာ့ လွတ်လပ်ရေး ကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။
သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်း နေဆဲတွင် နယ်ချဲ့ လက်ပါးစေ ဦးစောနှင့် အပေါင်းပါ တို့၏ ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံး ခဲ့ရ ပေသည်။



သခင် မြ (၁၈၉၇ - ၁၉၄၇)

သခင် မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီး အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ နှမ မမြငွေ တဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာ ခဲ့သည်။ သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ဗသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီ တွင်လည်း အဖွဲ့ဝင် တဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသော အခါ သာယာဝတီသို့ ပြန်၍ ရှေ့နေ အလုပ်ဖြင့် အသက် မွေးသည်။ ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံ သားများ ဘက်မှ ရှေ့နေ လိုက်ရာမှ ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ်မင်း ကိုယ်ချင်း အဖွဲ့’ ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်း အဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။
ပြည်သူ့ အရေးတော်ပုံပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ တာဝန်များ အပေး ခံရသည်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီစား ဥပဒေ ဋီကာ ကိုလည်း ရေးသား ခဲ့သေးသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာ သူတို့ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အသက် ဆုံးရှုံး ခဲ့ရ ရှာသည်။


ဦးဘချို (၁၈၉၃ - ၁၉၄၇)

ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြ ဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် တို့မှ ၁၈၉၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁ဝ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ တပတ် တကြိမ်ထုတ် ‘မြန်မာ့ ရီဗျူးဂျာနယ်’ ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ‘ဒီးဒုတ် ဂျာနယ်’ ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။
ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ‘ဂီတဝိသောဓနိ’ ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ဌာနအုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။ စာရေး ဆရာ အသင်း နယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။
၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံ ခံရပြီး၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။


ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားလေးကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာ သင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင် ခဲ့သည်။
၁၉၂၁ ခုတွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီးကို ဦးစီး ဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေ စာမေးပွဲကြီးကို အောင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည် ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသား အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး အဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟိုအမျိုးသားအထက်တန်း ကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ် များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား ခဲ့ရသော အမျိုးသား ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သော အခါ အမျိုးသား ကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ဝန်ကြီး အဖြစ် တာဝန် ယူနေစဉ် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာသူ တို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရပြီး အသက် ဆုံးရှုံး ခဲ့သည်။


မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)

ကရင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာ သင်ယူ ခဲ့ရာ ၁၉၂ဝ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင်ဘာသာသင်ကျောင်း တစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေး ဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီး ဌာန ဝန်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့်အတူ လုပ်ကြံ ခံရ၍ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွယ်လွန် ခဲ့သည်။


မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)

မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်သည်။ မန္ဈလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး၊ ဇူလိုင်လ ၂ဝ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။


ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)

နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပြီး၊ ၁၉ဝ၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင် ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံ ခံရပြီး ကွယ်လွန်သည်။ ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)
ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ဘဝက ရန်ကုန် တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္ဈလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရသည်။


ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)

မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီး များကို လုပ်ကြံသော မသမာ သူတို့၏ လက်ချက်ဖြင့် ကျဆုံး ရသည်။

ဘယ်တော့မှ နောက်ထပ်မပေါ်ပေါက်နိုင်တော့တဲ့ ဗမာ့အာဇာနည်များ

လူသားစား မိကျောင်း






မြန်မာနိုင်ငံတောင်ဘက် မြိတ်ကျွန်းစုဒေသတွင် မိကျောင်းကိုက်ခံရသဖြင့် ထင်းခုတ်သမားတစ်ဦး သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်ဟု အင်္ဂါနေ့ထုတ် ပြည်တွင်းသတင်းမီဒီယာ တစ်ခုကို ကိုးကား၍ စင်ဟွာသတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိသည်။


သေဆုံးသူမှာ အသက် ၃၀ အရွယ် ကိုဝင်းနိုင်ဦးဆိုသူ ဖြစ်ပြီး ယခင်သီတင်းပတ်က ၎င်းသည် အလုပ်မှ ပြန်လာရာ လမ်းတွင် ရေမြောင်းတစ်ခုကို ဖြတ်ကျော်စဉ် ထိုရေမြောင်းထဲမှ မိကျောင်းတစ်ကောင် ရုတ်တရက်ပေါ်လာပြီး ကိုက်သတ်သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။


သေဆုံးသူနှင့်အတူ အဖော်အဖြစ် လိုက်ပါခဲ့သူမှာမူ လွတ်မြောက်သွားခဲ့ပြီး အနီးအနားရှိ ရွာသားများထံ အလျင်အမြန် အကြောင်းကြားခဲ့ရာ စက်လှေများဖြင့် လိုက်လံရှာဖွေခဲ့သော်လည်း နောက်တစ်နေ့မှပင် အဆိုပါ မိကျောင်းအား အသေ ဖမ်းဆီးရမိခဲ့သည်ဟု ထိုသတင်းက ဆိုသည်။


အသေဖမ်းမိသည့် ၅ မီတာခန့် ရှည်လျားသော ထိုမိကျောင်း၏ ၀မ်းဗိုက်အား ဒေသခံ အာဏာပိုင်များ ရှေ့မှောက်တွင် ခွဲ၍ ရှာဖွေရာ သေဆုံးသူ၏ ခန္ဓာကိုယ်အား တွေ့ရသည်ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအတွက်ပါ


မြ၀တီယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ထုတ်ပေးနေပါပြီ နမူနာပါ

ကုသိုလ်ပြုပါ၏



သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ကန္ဒီမြို့မှ အနုရဌပူရ ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ မဟာစေတီနှင့်မဟာဗောဓိပင်
ကျွန်တော်တို့ ကြားဖူးတဲ့တရားတော်တစ်ခုထဲက အကြောင်းလေးတစ်ခုလောက်ပြောပြချင်ပါတယ် ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်လက်ထက်တော်ကပေါ့ဗျာ ဘုရားရှင်ဟာ နောက်လိုက်သံဃာတော်အပါး ၅၀၀နဲ့ ဒေသစာရီကြွချီတော်မူနေတဲ့အချိန်ပေါ့ အဲဒီမှာ ဘုရားရှင်နဲ့ သံဃာတော်တွေကို ပြုစုအလုပ်အကျွေးပြုချင်တဲ့ လှူချင်တန်းချင်တဲ့သူတွေဟာ ဇေတ၀န်ကျောင်းတော်ကို လာတဲ့သူတွေဟာ ဘုရားရှင်နဲ့သံဃာတော်တွေမရှိတော့ သူတို့လှူဖို့ယူလာတဲ့ လှူဖွယ်ပစ္စည်း အစုစုတို့ကို ဘယ်မှာလှူးဒါန်းရမှန်းမသိကြတော့ဘူး ဒါကြောင့် သူတို့ဟာ ပြန်ယူလို့ရတာတော့ပြန်ယူတာပေါ့ ဒါပေမယ့် ပန်း၊သစ်သီး အစရှိသဖြင့် ပေါ့ ဒီလိုအရာတွေကတော့ထားလို့လဲမရတော့ဘူးလေ ဒါကြောင့်လမ်းမှာဘဲလွှင့်ပစ်ကြတာပေါ့ ဒါတွေကို နောက်ပိုင်းဘုရားရှင်က သိတော်မူတော့ ငါကိုယ်တော်မြတ်နဲ့ သံဃာတော်တွေမရှိလည်း လှူချင်တဲ့သူတွေဟာ မဟာဗောဓိပင်ကို လှူဒါန်းနိုင်ကြောင်း မိန့်ကြားတော်မူပါတယ် ဒါကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ညောင်ရွက်ပုံလေးတွေကို ဘုရားစဉ်မှာထားကြတာပါ ........ဘာကြောင့်ဒါကိုပြောနေရလဲဆိုတော့ ကျွန်တော်က မဟာဗောဓီပင်ကိုမြင်ဘူးအောင်ပြမလို့ပါ စိတ်ဝင်စားရင်ပေါ့ မဟာဗောဓိပင်နဲ့ မဟာစေတီတော်ပါခင်ဗျာ
သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ကန္ဒီမြို့မှဖြစ်ပါတယ်
(သီရိလင်္ကာ ဒီမိုကရက် ဆိုရှယ်လစ်သမ္မတနိုင်ငံ လူဦးရည်၏ (၆၉ဒသမ၃)ရာခိုင်နှုန်းမှာ ဒေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ သံဃာဂိုဏ်းကြီး (၃)ဂိုဏ်းရှိပြီး ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံမှဆင်းသက်လာသော ရာမညနိကာယနှင့် အမရပူရနိကာယတို့ဖြစ်ကြသည်။ သီရိလင်္ကာနိုင်င့၏ မြို့တော်မှာ ကိုလံဘိုဖြစ်ပြီး ဒုတိယမြို့တော်မှာကန္ဒီဖြစ်သည်။ အနုရဌပူရမြို့သည် မြန်မာနိုင်င့မှ ပုဂံမြို့ကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှုဒေသ တစ်ခုဖြစ်သည်။ အနုရဌပူရမြို့ကိုနန်းမြို့တော်အဖြစ် ပံသုကမ္ဘာရ(Pandukabhaya)ဘုရင်က (ဘီစီ-၃၈၀)တွင် တည်ထောင်သည်။ အနုရဌပူရမြို့တော်ကြီးသည် (အေဒီ၁၀၀၀)ပြည့်နှစ်ထိတိုင် ဆင်ဟာလီ ဘုရင်မင်းဆက်(၁၉၉)ဆက်တိုင် ထီးနန်းဆက်ခံသည့် နန်းမြို့တော်အဖြစ်တည်ရှိခဲ့သ်ည။ထိုမှတဆင့်မြို့တော်ကို Palonnaruwa သို့ပြောင်းရွှေ့တည်ထောင်ခဲ့သည်။ ဘုရင် Dutugemunuမင်းပြုစိုးစံချိန်(ဘီစီ-၁၆၁ မှ၁၃၇)တွင် ဗုဒ္ဓဘာသာသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။အနုရဌပူရ မင်းဆက်၏ သက်တမ်းမှာ နှစ်ပေါင်း (၁၅၀၀)ကြာမြင့်ခဲ့သည်။ အနုရဌပူရမြို့တွင် သီရိလင်္ကာနိုင်ငံ၏ အမြင့်ဆုံးရပ်တော်မူဘုရားများ ၊နန်းတော်များ၊ဘုရားကျောင်းကန်များ၊ရေချိုးကန်တော်များ နှင့် မဟာဗောဓိပင်တို့ကိုတွေ့မြင်ရမည်ဖြစ်သည်။

ထူးသူ ဖူးစေဗျာ


ဗုဒ္ဓမြတ်စွယ်တော်ပါ ကန္ဒီမြို့ စွယ်တော်တိုက်အတွင်းက ဗုဒ္ဓမြတ်စွယ်တော်ကိုဤသို့ဖူးတွေ့နိုင်ပါတယ် ထူးမြတ်လှ
ပါတယ် လူတိုင်းဖူးခွင့်မရသလို ဓါပုံလဲ ရိုက်ခွင့်မရှိပါဘူး စွယ်တော်လေးဆူထဲက လူ့ပြည်တွင်ရှိသော စွယ်တော်
နှစ်ချောင်းမှ တစ်ခုဖြစ်ပါတယ် ထိုက်သူပန်စေ

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကြည်ညိုစွာ ဖူးမျှော်နိုင်


မြန်မာပြည်၏ တန်ခိုးကြီး ဘုရားဖြစ်တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးပါခင်ဗျာ အများတခါဖူးမျှော်နိုင်ရန် ဒါနပြုပါ၏

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကြည်ညိုစွာ ဖူးမျှော်နိုင်

အာဖရိကတိုက်ပြည်သူ သန်း ၂၀ ကျော်အရေးပေါ် ရိက္ခာလိုအပ်

ကင်ညာ၊အီသီယိုပီးယား၊ယူဂန္ဒာ၊ဆိုမာလီယာနှင့် ဆူဒန်စသော အာဖရိကတိုက် ရှေ့ပိုင်း နိုင်ငံများတွင် မိုးခေါင်မှုနှင့် စက်မက်ဖြစ်ပွားမှုတို့ကြောင့် ပြည်သူသန်း(၂၀)ကျော်အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(အက်ဖ်အေအို)က နိုဝင်ဘာ ၁၁ ရက်နေ့က ကြေညာထားပါတယ် အာဖရိကတိုက် အရှေ့ပိုင်းဒေသအများအပြားတွင် မိုးခေါင်ရေရှားသဖြင့် သီးနှံအထွက်နှုန်းများ ကျဆင်းကာ ကျွဲနွား စားကျက်များခြောက်သွေ့မှု၊စစ်မက်ဖြစ်ပွားမှု အရှိန်တိုးလာခြင်း ၊ကုန်သွယ်မှုဖရိုဖရဲဖြစ်ခြင်းနှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်မားလာခြင်းကြောင့် ပြည်သူတို့၏ စားသောက်ရေး အခြေအနေများ စိုးရိမ်ဖွယ် ဖြစ်လာရသည်ဟုလည်း အက်ဖ်အေအို ကြေငြာချက်တွင် ဖော်ပြထားပါတယ်

မြန်မာနိုင်ငံမှာ အောက်တိုဘာအတွင်း မီးလောင်မှုကတော့

အောက်တိုဘာလအတွင်း နိုင်င့တ၀န်းမှာ မီးလောင်မှု (၃၆)ကြိမ်ဖြစ်ပွားခံပါတယ် ။ မီးဖိုမီး/ပေါ့စမီးက(၁၈)ကြိမ်၊ အလိုအလျောက်မီးက (၁)ကြိမ် ၊ လျှပ်စစ်မီးက (၁၅)ကြိမ်၊ မိုးကြိုးပစ်(၁)ကြိမ်၊ မသာမာသူရှို့မီးက(၁)ကြိမ်ပါဝင်ပါတယ်။အဲမီးလောင်လို့ပျက်တာကတော့ အိမ်ခြေအဆောက်အအုံ(၁၀)လုံးမီးလောင်ခံရပြီး မီးဘေးဒုက္ခသည် (၃၂)အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ် ။မီးလောင်မှုအကြိမ်အနေဖြင့် မန္တလေးတိုင်းမှာ အများဆုံး၊ ရန်ကုန်တိုင်းမှာဒုတိယအများဆုံး၊စစ်ကိုင်းတိုင်းနဲ့ရှမ်းပြည်နယ်တို့ကတော့ တတိယအများဆုံးဘဲဖြစ်ပါတယ်။မီးလောင်ဆုံးရှုံးမှုအနေနဲ့ပြောရရင် ကရင်ပြည်နယ်က ဆုံးရှုံးမှုအများဆုံး၊ ရန်ကုန်တိုင်းက ဒုတိယ၊ကချင်ပြည်နယ်က တတိယအများဆုံးဖြစ်ပြီး မီးလောင်မှုအများဆုံးဖြစ်တဲ့ မန္တလေးတိုင်းဟာ မီးလောင်မှု (၁၃)ကြိမ်အနက်(၇)ကြိမ်မှာ မီးဖိုမီးအပါဝင် ပေါ့ဆမှုကြောင့်လောင်ခဲ့ရတဲ့မီးများကြောင့်ဖြစ်တယ်ဆိုတာတင်ပြလိုက်ပါတယ်။










ဆေးရုံကို လူနာရောက်တော့ သွေးပေါင်ချိန်တွေက ကျ ရင်တွေလည်းတုန်နေတာပေါ့ ။ဝဲဘက်လက်ကောက်ဝတ်မှ တညီတညာတည်း အရိုးပြတ်နော လက်သန်းဘက်မှာ အရေပြား လက်မအရွယ်ဖြင့် ဆက်နေခဲ့ပါတယ် ပြတ်သောလက်ချောင်းများ ၊လက်ဖ၀ါးများ မှာလည်း အေးဆက်ပြီးပြာနှမ်းနေတော့ လူနာမိသားစုကလည်း မိတ်ဆွေတို့သိတဲ့အတိုင်း ပြန်ဆက်လို့မမယ်လို့ ဘယ်ထင်တော့မလဲပေါ့ဗျာ ဒါပေမယ့် အဲဒါကသူ့မိသားစုတွေနဲ ကျွန်တော်တို့ရဲ့ အထင်ကိုးဗျ မကွေးမြို့ သင်ကြားရေးဆေးရုံက ထင်မြင်ချက်တွေကို ပြောင်းပြန်လှန်ပြစ်လိုက်တယ်ဆိုရမယ်ပေါ့ အခုဆိုရင် အဲလူနာရဲ့လက်ချောင်းလေးတွေက ကွေးနိုင် ဆန့်နိုင်တောင်ဖြစ်နေပြီဗျ သတင်းအပြည့်စုံကိုတော့နောက်ရက်ကြမှဘဲပြောတော့မယ်ဗျာ အိပ်ချင်နေလို့ပါ

လက်ကောက်ဝတ်ပြတ်သွားတာကိုပြန်ဆက်သတဲ့






ဖြစ်စဉ်လေးက ဒီလိုဗျ သတင်းပေါ့ မကွေးမြို့နယ်ကံသာကျေးရွာမှ အသက်(၂၁)အရွယ်ရှိ မောင်မင်းသူဟာ ထင်းခုတ်ရင်း လက်ဝဲဘယ်ဘက်အား ထင်းခုတ်ဓါးနဲ့ ခုတ်မိတယ်ပေါ့ဗျာ အဲဒါလက်ကောက်ဝတ်ကနေပြတ်သွားတယ်ဗျ ပုံပါပြထားတယ်
ကျွန်မ နေပြည်တော်ကို ရောက်တော့ ကဗျာလေးတစ်ပုဒ်ကို သတိရလို့ တင်ပေးလိုက်ပါတယ် မိုက်တယ်နော်
ဒို့မပျော်


ချစ်သူမမြင်ရရင် ရင်မှာတမျိုး
လွမ်းမိုးတွေသာဆွေးဖြိုးရွာသည်
နေပြည်တော်မှာ ဒို့မပျော်





ကျွန်တော်လည်းအညာသားဆိုတော့ အကိုအရာတော်ဆီက သဘာဝ အပြစ်ကင်းတဲ့ အညာဓလေ့ပုံလေးတွေကို
ယူထားလိုက်တယ် သတိရတယ်ဗျာ အပြစ်ကင်းတဲ့ ရိုးရှင်းလွန်းတဲ့နယ်မြေလေးပါ

သင်ခန်းစာလေးကိုဆက်လိုက်ကြရအောင်

သင်ခန်းစာရယ်လို့တော့မဟုတ်ဘူးပေါ့ဗျာ ဒါပေမယ့် အင်္ဂလိပ်စာနာမည်ရေးနည်းနမူနာလေးတွေပါ
ဗျည်း-ဗျည်းတွဲနှင့် သရပေါင်းနမူနာ
ka=ကာ ကာ ကား ka=ကု ကူ ကူး Ke=ကေ ကေ့ ကေး Ke=Kai ကဲကဲ့ Kaw=ကော့ ကော် ကော
Kan=ကံကံ့ (Kant=ကံ)
Kya=ကျ ကျာ ကျား Kyi=ကျိ ကျီ ကျီး Kyu=ကျု ကျူ ကျူး Kye=ကျေ့ ကျေ ကျေး Kye(kyai)=ကျဲကျဲ့
Kyaw=ကျော ကျော့ကျော် Kyan=ကျံကျံ့ (Kyant=ကျံ့) Kwa=ကွ ကွာ ကွား kwai=ကွိ ကြီ ကြီး
kwe=ကွေ့ ကွေ ကွေး Kwe(Kwai)=ကွဲ ကွဲ့ Kun=ကွံ ကွံ့(Kwanဟုမရေးရ)


ဗျည်းနှင့်အသတ်ပေါင်းပုံ နမူနာ
ket=ကတ် kin=ကင့် ကင် ကင်း (Kint=ကင့်) Kit=ကစ် ki(Kee)=ကည် ကည့်ကည့် Kat=ကတ်ကပ်

နာမည်လေးတွေကို အင်္ဂလိပ်လိုရေးတတ်အောင် လေ့လာကြစို့

အင်္ဂလိပ်လို မြန်မာနာမည်လေးတွေကို မှန်ကန်အောင် ရေးတတ်ဖို့ အလွယ်ဘူးဗျ အခုကျွန်တော်တင်ပြပေးလိုက်တဲ့ သင်ခန်းစာလေးတွေကို လေ့လာကြည့်ပါဗျာ နဲနဲပါးပါးတော့ အထောက်အကူဖြစ်မှာသေခြာပါတယ်
သင်ခန်းစာ ၁
မြန်မာ ဗျည်းသက်သက် (၃၂)လုံး
က=K ခ=Kh ခ=K ဂ/ဃ=G င=Ng စ/ဆ=S ဇ/ဈ=Z ည=Ny ဋ/တ=T ထ/ဌ=Ht ထ=T ဒ/ဓ/ဍ/ဎ=D န/ဏ=N ပ=P ဖ=Ph ဖ=P ဗ/ဘ=B မ=M ယ=Y ရ=R လ/ဠ=L ၀=W သ=Th ဟ=H ဒါလေးတွေကို မှတ်ထားပါ ဒါက ရိုးရိုးလေးတွေပါ့ဗျာ
သင်ခန်း အဆက်လေးပေါ့ဗျာ
၁။ဗျည်းတစ်လုံးနောက်ဆုံးမှY ဆက်ပေးရင် “ယရစ်“ယပင့်“ ဖြစ်တယ်ဗျ
ဥပမာ။ Ky=က်/ၾက Ph=ပ်/ျပ By=ဗ်/ျမ Gy =ဂ် Phy=ဖ်/ျဖ My=မ်/ျမ

၂။ဗျည်းတစ်လုံးနောက်မှာ W ဆက်ပေးရင် “၀ဆွဲ” ဖြစ်တယ်
ဥပမာkw =ကွ Khw=ခွ Gw=ဂွ Sw=စွ/ဆွ Zw= ဇွ/ဈွ Lw=လွ Ng=ငွ Dw=ဒွ

၃။ဗျည်းတစ်လုံးရှေ့မှာ H ထား၍ ရေးလျှင်တော့ “ဟထိုး” ဖြစ်တယ်
ဥပမာ။ Hng=ငှ Hny=ညှ Hn=နှ/ဏှ Hm=မှ
သင်ခန်းစာ အဆက်လေးနော်
၎။ဗျည်းတစ်လုံးနောက်မှ YW ဆက်ပေးရင်“ယပင့်ဝဆွဲ” “ရရစ်ဝဆွဲ”ဖြစ်တယ်
ဥပမာ။Kyw=ကျွ/ကြွ Pyw=ပျွ/ပြွ Myw=မျွ/မြွ

၅။ဗျည်းရှေ့က H နှင့် ဗျည်းနောက်က Y ဆက်ပေးလျှင်“ယပင့်ဟထိုး” “ယရစ်ဟထိုး”ဖြစ်တယ်
ဥပမာ။Hmy=မျှ/မြ Hly=လျှ

၆။ဗျည်းရှေ့က H နှင့် ဗျည်းနောက်က W ဆက်ပေးလျှင် “ဟထိုးဝဆွဲ”ဖြစ်တယ်
ဥပမာ။Hnw=နွှ Hlw=လွှ Hmw=မွှ
မှတ်ချက်။ ။အ ထက်ပါနမူနာအတိုင်းပင် ယပင့်/ရရစ်/ဟထိုး/၀ ဆွဲ ဖြစ်နိုင်သာဗျည်း များနှင့် ပူးတွဲလေ့ကျင့်ပါ
ကာရန်သရများ
a=အ/အာ/အား i= အိ/အီ/အီး u=ဥ/ဦ/ဦး
(ar=အာ/အား) (ee=အီ/အီး) (oo=ဦ/ဦး)
e=အေ/အေ့/အေး e=အဲ/အဲ့/အယ်
(ay-aye=အေ/အေ့/အေး) (ai= အဲ/အဲ့/အယ်)
aw=အော့/အော်/အော/ an= အံ/အံ့
အက္ခရာအသတ်များ
et=က် in=င့် it=စ် i,(ee)=ည် int=င့် an=န်/မ် ai(e)=ယ် at=တ်/ပ် ant=န်/မ့်

သရနှင့်အသတ်များ
eik=-ိတ်/-ိပ်(လုံးတင်တသတ်/လုံးတင်ပသတ်)
ein=-ိန်/-ိမ်(လုံးတင်နသတ်/လုံးတင်မသတ်)
ok(oke)=-ုတ်/-ုပ်(ချောင်းငင်တသတ်/ချောင်းငင်ပတတ်)
on(one,ohn)= -ုန်/-ုမ်( ချောင်းငင်နသတ်/ချောင်းငင်သတ်)
auk=ေ-ါက်(သဝေထိုးရေးချကသက်)
aung=ေ-ါင်(သဝေထိုးရေးချငသတ်)
aik=-ိုက်(လုံးတင်ချောင်းငင်ကသတ်)
aine(ine)=-ိုင်(လုံးတင်ချောင်းငင်ငသတ်)
0(oe,oh)=-ို(လုံးတင်ချောင်းငင်)
စာလုံးပေါင်းရေးခြင်း
အထက်ပါဗျည်းသက်သက်များ ဗျည်းတွဲများနှင့် ကာရန်သရ၊အက္ခရာအသတ်၊သရနှင့် အသတ်များကို မှတ်မိအောင် လေံကျင့်ထားပါ။ လေ့ကျင့်ပြီးနောက်
ဗျည်းသက်သက် ဗျည်းတွဲများနောက်တွင် ကာရန်သရများ ကို လည်ကောင်း၊အက္ခရာအသတ်များကိုလည်းကောင်း၊သရနှင့် အသတ်များကိုလည်းကောင်း
ထား၍ ရေးလျှင် မြန်မာသင်ပုန်းကြီးတစ်အုပ်လုံးပြီးတော့သည်။ အထူးသတိပြုရမည်မှာ က၊ကာ၊ကား သုံးလုံးသည် မြန်မာအသံတွင် မတူသော်လည်း အင်္ဂလိပ်
ဘာသာ၌ Ka တစ်လုံးထဲ၊တစ် မျိုးထဲဖြစ်ကြောင်း တွေ့ရမည်။ ဤနည်းတူ မြန်မာစာကွဲလွဲသော်လည်း အင်္ဂလိပ်စာတွင် တူနေသောတခြား စာလုံးပေါင်း
များကိုလည်း သတိပြုမိပါစေ။အောက်မြစ်ရှေ့က ၀ တ်ဆံပေါက်များအတွက် အထူးမရှိပေ။ အောက်မြစ်အတွက် ဤစာအုပ်တွင် T =တီကိုအသတ်နောက်တွင်
ထား၍ ရေးပြထားသည်။
 

Usage Rights

DesignBlog BloggerTheme comes under a Creative Commons License.This template is free of charge to create a personal blog.You can make changes to the templates to suit your needs.But You must keep the footer links Intact.