နာမည်လေးတွေကို အင်္ဂလိပ်လိုရေးတတ်အောင် လေ့လာကြစို့

အင်္ဂလိပ်လို မြန်မာနာမည်လေးတွေကို မှန်ကန်အောင် ရေးတတ်ဖို့ အလွယ်ဘူးဗျ အခုကျွန်တော်တင်ပြပေးလိုက်တဲ့ သင်ခန်းစာလေးတွေကို လေ့လာကြည့်ပါဗျာ နဲနဲပါးပါးတော့ အထောက်အကူဖြစ်မှာသေခြာပါတယ်
သင်ခန်းစာ ၁
မြန်မာ ဗျည်းသက်သက် (၃၂)လုံး
က=K ခ=Kh ခ=K ဂ/ဃ=G င=Ng စ/ဆ=S ဇ/ဈ=Z ည=Ny ဋ/တ=T ထ/ဌ=Ht ထ=T ဒ/ဓ/ဍ/ဎ=D န/ဏ=N ပ=P ဖ=Ph ဖ=P ဗ/ဘ=B မ=M ယ=Y ရ=R လ/ဠ=L ၀=W သ=Th ဟ=H ဒါလေးတွေကို မှတ်ထားပါ ဒါက ရိုးရိုးလေးတွေပါ့ဗျာ
သင်ခန်း အဆက်လေးပေါ့ဗျာ
၁။ဗျည်းတစ်လုံးနောက်ဆုံးမှY ဆက်ပေးရင် “ယရစ်“ယပင့်“ ဖြစ်တယ်ဗျ
ဥပမာ။ Ky=က်/ၾက Ph=ပ်/ျပ By=ဗ်/ျမ Gy =ဂ် Phy=ဖ်/ျဖ My=မ်/ျမ

၂။ဗျည်းတစ်လုံးနောက်မှာ W ဆက်ပေးရင် “၀ဆွဲ” ဖြစ်တယ်
ဥပမာkw =ကွ Khw=ခွ Gw=ဂွ Sw=စွ/ဆွ Zw= ဇွ/ဈွ Lw=လွ Ng=ငွ Dw=ဒွ

၃။ဗျည်းတစ်လုံးရှေ့မှာ H ထား၍ ရေးလျှင်တော့ “ဟထိုး” ဖြစ်တယ်
ဥပမာ။ Hng=ငှ Hny=ညှ Hn=နှ/ဏှ Hm=မှ
သင်ခန်းစာ အဆက်လေးနော်
၎။ဗျည်းတစ်လုံးနောက်မှ YW ဆက်ပေးရင်“ယပင့်ဝဆွဲ” “ရရစ်ဝဆွဲ”ဖြစ်တယ်
ဥပမာ။Kyw=ကျွ/ကြွ Pyw=ပျွ/ပြွ Myw=မျွ/မြွ

၅။ဗျည်းရှေ့က H နှင့် ဗျည်းနောက်က Y ဆက်ပေးလျှင်“ယပင့်ဟထိုး” “ယရစ်ဟထိုး”ဖြစ်တယ်
ဥပမာ။Hmy=မျှ/မြ Hly=လျှ

၆။ဗျည်းရှေ့က H နှင့် ဗျည်းနောက်က W ဆက်ပေးလျှင် “ဟထိုးဝဆွဲ”ဖြစ်တယ်
ဥပမာ။Hnw=နွှ Hlw=လွှ Hmw=မွှ
မှတ်ချက်။ ။အ ထက်ပါနမူနာအတိုင်းပင် ယပင့်/ရရစ်/ဟထိုး/၀ ဆွဲ ဖြစ်နိုင်သာဗျည်း များနှင့် ပူးတွဲလေ့ကျင့်ပါ
ကာရန်သရများ
a=အ/အာ/အား i= အိ/အီ/အီး u=ဥ/ဦ/ဦး
(ar=အာ/အား) (ee=အီ/အီး) (oo=ဦ/ဦး)
e=အေ/အေ့/အေး e=အဲ/အဲ့/အယ်
(ay-aye=အေ/အေ့/အေး) (ai= အဲ/အဲ့/အယ်)
aw=အော့/အော်/အော/ an= အံ/အံ့
အက္ခရာအသတ်များ
et=က် in=င့် it=စ် i,(ee)=ည် int=င့် an=န်/မ် ai(e)=ယ် at=တ်/ပ် ant=န်/မ့်

သရနှင့်အသတ်များ
eik=-ိတ်/-ိပ်(လုံးတင်တသတ်/လုံးတင်ပသတ်)
ein=-ိန်/-ိမ်(လုံးတင်နသတ်/လုံးတင်မသတ်)
ok(oke)=-ုတ်/-ုပ်(ချောင်းငင်တသတ်/ချောင်းငင်ပတတ်)
on(one,ohn)= -ုန်/-ုမ်( ချောင်းငင်နသတ်/ချောင်းငင်သတ်)
auk=ေ-ါက်(သဝေထိုးရေးချကသက်)
aung=ေ-ါင်(သဝေထိုးရေးချငသတ်)
aik=-ိုက်(လုံးတင်ချောင်းငင်ကသတ်)
aine(ine)=-ိုင်(လုံးတင်ချောင်းငင်ငသတ်)
0(oe,oh)=-ို(လုံးတင်ချောင်းငင်)
စာလုံးပေါင်းရေးခြင်း
အထက်ပါဗျည်းသက်သက်များ ဗျည်းတွဲများနှင့် ကာရန်သရ၊အက္ခရာအသတ်၊သရနှင့် အသတ်များကို မှတ်မိအောင် လေံကျင့်ထားပါ။ လေ့ကျင့်ပြီးနောက်
ဗျည်းသက်သက် ဗျည်းတွဲများနောက်တွင် ကာရန်သရများ ကို လည်ကောင်း၊အက္ခရာအသတ်များကိုလည်းကောင်း၊သရနှင့် အသတ်များကိုလည်းကောင်း
ထား၍ ရေးလျှင် မြန်မာသင်ပုန်းကြီးတစ်အုပ်လုံးပြီးတော့သည်။ အထူးသတိပြုရမည်မှာ က၊ကာ၊ကား သုံးလုံးသည် မြန်မာအသံတွင် မတူသော်လည်း အင်္ဂလိပ်
ဘာသာ၌ Ka တစ်လုံးထဲ၊တစ် မျိုးထဲဖြစ်ကြောင်း တွေ့ရမည်။ ဤနည်းတူ မြန်မာစာကွဲလွဲသော်လည်း အင်္ဂလိပ်စာတွင် တူနေသောတခြား စာလုံးပေါင်း
များကိုလည်း သတိပြုမိပါစေ။အောက်မြစ်ရှေ့က ၀ တ်ဆံပေါက်များအတွက် အထူးမရှိပေ။ အောက်မြစ်အတွက် ဤစာအုပ်တွင် T =တီကိုအသတ်နောက်တွင်
ထား၍ ရေးပြထားသည်။

0 comments:

 

Usage Rights

DesignBlog BloggerTheme comes under a Creative Commons License.This template is free of charge to create a personal blog.You can make changes to the templates to suit your needs.But You must keep the footer links Intact.