




မြန်မာနိုင်ငံတောင်ဘက် မြိတ်ကျွန်းစုဒေသတွင် မိကျောင်းကိုက်ခံရသဖြင့် ထင်းခုတ်သမားတစ်ဦး သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်ဟု အင်္ဂါနေ့ထုတ် ပြည်တွင်းသတင်းမီဒီယာ တစ်ခုကို ကိုးကား၍ စင်ဟွာသတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိသည်။
သေဆုံးသူမှာ အသက် ၃၀ အရွယ် ကိုဝင်းနိုင်ဦးဆိုသူ ဖြစ်ပြီး ယခင်သီတင်းပတ်က ၎င်းသည် အလုပ်မှ ပြန်လာရာ လမ်းတွင် ရေမြောင်းတစ်ခုကို ဖြတ်ကျော်စဉ် ထိုရေမြောင်းထဲမှ မိကျောင်းတစ်ကောင် ရုတ်တရက်ပေါ်လာပြီး ကိုက်သတ်သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
သေဆုံးသူနှင့်အတူ အဖော်အဖြစ် လိုက်ပါခဲ့သူမှာမူ လွတ်မြောက်သွားခဲ့ပြီး အနီးအနားရှိ ရွာသားများထံ အလျင်အမြန် အကြောင်းကြားခဲ့ရာ စက်လှေများဖြင့် လိုက်လံရှာဖွေခဲ့သော်လည်း နောက်တစ်နေ့မှပင် အဆိုပါ မိကျောင်းအား အသေ ဖမ်းဆီးရမိခဲ့သည်ဟု ထိုသတင်းက ဆိုသည်။
အသေဖမ်းမိသည့် ၅ မီတာခန့် ရှည်လျားသော ထိုမိကျောင်း၏ ၀မ်းဗိုက်အား ဒေသခံ အာဏာပိုင်များ ရှေ့မှောက်တွင် ခွဲ၍ ရှာဖွေရာ သေဆုံးသူ၏ ခန္ဓာကိုယ်အား တွေ့ရသည်ဟု ဖော်ပြထားသည်။
0 comments:
Post a Comment