သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ကန္ဒီမြို့မှ အနုရဌပူရ ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ မဟာစေတီနှင့်မဟာဗောဓိပင်
ကျွန်တော်တို့ ကြားဖူးတဲ့တရားတော်တစ်ခုထဲက အကြောင်းလေးတစ်ခုလောက်ပြောပြချင်ပါတယ် ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်လက်ထက်တော်ကပေါ့ဗျာ ဘုရားရှင်ဟာ နောက်လိုက်သံဃာတော်အပါး ၅၀၀နဲ့ ဒေသစာရီကြွချီတော်မူနေတဲ့အချိန်ပေါ့ အဲဒီမှာ ဘုရားရှင်နဲ့ သံဃာတော်တွေကို ပြုစုအလုပ်အကျွေးပြုချင်တဲ့ လှူချင်တန်းချင်တဲ့သူတွေဟာ ဇေတ၀န်ကျောင်းတော်ကို လာတဲ့သူတွေဟာ ဘုရားရှင်နဲ့သံဃာတော်တွေမရှိတော့ သူတို့လှူဖို့ယူလာတဲ့ လှူဖွယ်ပစ္စည်း အစုစုတို့ကို ဘယ်မှာလှူးဒါန်းရမှန်းမသိကြတော့ဘူး ဒါကြောင့် သူတို့ဟာ ပြန်ယူလို့ရတာတော့ပြန်ယူတာပေါ့ ဒါပေမယ့် ပန်း၊သစ်သီး အစရှိသဖြင့် ပေါ့ ဒီလိုအရာတွေကတော့ထားလို့လဲမရတော့ဘူးလေ ဒါကြောင့်လမ်းမှာဘဲလွှင့်ပစ်ကြတာပေါ့ ဒါတွေကို နောက်ပိုင်းဘုရားရှင်က သိတော်မူတော့ ငါကိုယ်တော်မြတ်နဲ့ သံဃာတော်တွေမရှိလည်း လှူချင်တဲ့သူတွေဟာ မဟာဗောဓိပင်ကို လှူဒါန်းနိုင်ကြောင်း မိန့်ကြားတော်မူပါတယ် ဒါကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ညောင်ရွက်ပုံလေးတွေကို ဘုရားစဉ်မှာထားကြတာပါ ........ဘာကြောင့်ဒါကိုပြောနေရလဲဆိုတော့ ကျွန်တော်က မဟာဗောဓီပင်ကိုမြင်ဘူးအောင်ပြမလို့ပါ စိတ်ဝင်စားရင်ပေါ့ မဟာဗောဓိပင်နဲ့ မဟာစေတီတော်ပါခင်ဗျာ
သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ကန္ဒီမြို့မှဖြစ်ပါတယ်
(သီရိလင်္ကာ ဒီမိုကရက် ဆိုရှယ်လစ်သမ္မတနိုင်ငံ လူဦးရည်၏ (၆၉ဒသမ၃)ရာခိုင်နှုန်းမှာ ဒေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ သံဃာဂိုဏ်းကြီး (၃)ဂိုဏ်းရှိပြီး ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံမှဆင်းသက်လာသော ရာမညနိကာယနှင့် အမရပူရနိကာယတို့ဖြစ်ကြသည်။ သီရိလင်္ကာနိုင်င့၏ မြို့တော်မှာ ကိုလံဘိုဖြစ်ပြီး ဒုတိယမြို့တော်မှာကန္ဒီဖြစ်သည်။ အနုရဌပူရမြို့သည် မြန်မာနိုင်င့မှ ပုဂံမြို့ကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှုဒေသ တစ်ခုဖြစ်သည်။ အနုရဌပူရမြို့ကိုနန်းမြို့တော်အဖြစ် ပံသုကမ္ဘာရ(Pandukabhaya)ဘုရင်က (ဘီစီ-၃၈၀)တွင် တည်ထောင်သည်။ အနုရဌပူရမြို့တော်ကြီးသည် (အေဒီ၁၀၀၀)ပြည့်နှစ်ထိတိုင် ဆင်ဟာလီ ဘုရင်မင်းဆက်(၁၉၉)ဆက်တိုင် ထီးနန်းဆက်ခံသည့် နန်းမြို့တော်အဖြစ်တည်ရှိခဲ့သ်ည။ထိုမှတဆင့်မြို့တော်ကို Palonnaruwa သို့ပြောင်းရွှေ့တည်ထောင်ခဲ့သည်။ ဘုရင် Dutugemunuမင်းပြုစိုးစံချိန်(ဘီစီ-၁၆၁ မှ၁၃၇)တွင် ဗုဒ္ဓဘာသာသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။အနုရဌပူရ မင်းဆက်၏ သက်တမ်းမှာ နှစ်ပေါင်း (၁၅၀၀)ကြာမြင့်ခဲ့သည်။ အနုရဌပူရမြို့တွင် သီရိလင်္ကာနိုင်ငံ၏ အမြင့်ဆုံးရပ်တော်မူဘုရားများ ၊နန်းတော်များ၊ဘုရားကျောင်းကန်များ၊ရေချိုးကန်တော်များ နှင့် မဟာဗောဓိပင်တို့ကိုတွေ့မြင်ရမည်ဖြစ်သည်။
0 comments:
Post a Comment