လှေခွင်းတောင်သမိုင်းအကြောင်းကို ရေသားဖော်ပြရာ၌ လှေခွင်းတောင်သမိုင်း၏ အခြေခံကျသည့် ကျည်တောင်ကျေးရွာအကြောင်းကိုချန်လှပ်၍ မရပေ။ သို့ပါ၍ ကျည်တောင်ကျေးရွာအကြောင်းကို ရှေးဦးစွာ ဖော်ပြလိုပေသည် ။ကျည်တောင်ကျေးရွာကို ရှေးလွန်ခဲ့သော နှစ်ပေါင်းရှစ်ရာကျော်ခန့်က ကရင်အမျိုးသားတစ်ဦးဖြစ်သော "သန်းကောက်"ဆိုသူမှ ကရင်ပြည်နယ် အနောက်ဖျားရှိ ငွေတောင်နှင့် နောင်ပုလဲမှ ကရင်လူမျိုး မိသားစု (အိမ်ထောင်စု) များအား ခေါ်ဆောင်လာပြီးဆိပ်ကမ်းသာယာသော ဤနေရာလေး၌ ရွာတည်ထောင်ထားခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က ဤရွာကလေးမှာ အိမ်အနည်း
ငယ်မျှသာ ရှိသေးသည်။ကျည်တောင်ရွာ၏ အနောက်မြောက်ဖက်တွင် ရေဆင်းရွာရှိသည်။ ကျည်တောင်ရွာ နှင့် ရေဆင်းရွာများတွင် ထိုစဉ်က ကရင်အမျိုးသားများ အများစု နေထိုင်ကြသည်။ ကျည်တောင်ရွာသည် ပေါင်းလောင်းမြစ်၏ အနောက်ဖက်ကမ်းတွင် တည်ရှိပြီး ဆိပ်ကမ်းကောင်းတစ်ခုဖြစ်သည်။ကေတုမတီ တောင်ငူပြည်နှင့် ကျည်တောင်ရွာမှ စစ်တောင်းမြစ်ကြောင်းအတိုင်း ဆက်သွယ်လျှက်ရှိသောကြောင့် ရေလမ်းဖြင့်ကူးသန်းရောင်းဝယ်နိုင်သည်။ကျည်တောင်ရွာနှင့်ရမည်းသင်းမြို့မှာ ကုန်းလမ်းခရီးဖြင့်ကူးသန်းရေင်းဝယ်နိုင်သည်။ ထို့ကြောင့်ရှေးအခါကအထက်အရပ်နှင့်အောက်အရပ် ကုန်သည်များကုန်စည်ဖလှယ်ရာရွာကလေးဖြစ်ခဲ့သည်။ကျည်တောင်ရွာ၏ မြောက်ပိုင်းတွင် ကုန်းမြင့်တစ်ခုရှိသည်။ ရွာကုန်းဟုခေါ်ခဲ့ကြသည်။အနောက်ပိုင်းကာလအတန်ကြာသောအခါ ကူးသန်းရောင်းဝယ်ရေးကောင်းသော ဤရွာကလေးသို့ ရှမ်းစော်ဘွားမျိုးနွယ်စုများ ရောက်ရှိလာပြီး ဤရွာကုန်းပေါ်တွင် ဟော်နန်းတစ်ခုတည်ဆောက်၍ ရှမ်းစော်ဘွားမျိုးနွယ်စုများ ကြီးစိုးနေထိုင်ခဲ့ကြလေသည်။ကျည်တောင်ကျေးရွာကို ရှေးအခါက "ကြည့်တောင်ရွာ" ဟုခေါ်ကြသည်။ ကြည့်တောင်ရွာဟု ခေါ်ဆိုကြခြင်းမှာ ပေါင်းလောင်းမြစ်၏ အရှေ့ဘက်ကမ်းရှိ တောင်တန်းကြီးများကို ကြည့်လျှင် အလွန် ကြည်နူးဖွယ် ရှု့ခင်းကြီးအဖြစ် တွေ့မြင်ရပြီးသာယာသော တောင်တန်းကြီးများ၏ ရှု့ခင်းများကို ကြည့်ရသောကြောင့် "ကြည့်တောင်ရွာ" ဟု၎င်း၊ လှေခွင်းတောင်သိုက်သမိုင်းအရ "မယ်ဖြူ-မယ်ညို" တို့ ညီအမသည် ငယ်စဉ်က မိဘနှစ်ပါးကို သွားရောက်ကြိုကြသည့် အခါတိုင် အမြဲမျှော်ကြည့်ခဲ့ရ
သော ရွာကလေးဖြစ်၍၄င်း၊ "ကြည်တောင်ရွာ " ဟု အမည်တွင်ခဲ့လေသည်။ နောင်ကာလရွေ့လျားလာသောအခါ "ကြည့်တောင်ရွာ"မှ ယခုအခါ "ကျည်တောင်ရွာ" ကလေးဖြစ်လာခဲ့ပေသည်။
0 comments:
Post a Comment