အာဖရိကတိုက်ပြည်သူ သန်း ၂၀ ကျော်အရေးပေါ် ရိက္ခာလိုအပ်
Posted by
nyanmyo
on Thursday, November 12, 2009
ကင်ညာ၊အီသီယိုပီးယား၊ယူဂန္ဒာ၊ဆိုမာလီယာနှင့် ဆူဒန်စသော အာဖရိကတိုက် ရှေ့ပိုင်း နိုင်ငံများတွင် မိုးခေါင်မှုနှင့် စက်မက်ဖြစ်ပွားမှုတို့ကြောင့် ပြည်သူသန်း(၂၀)ကျော်အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(အက်ဖ်အေအို)က နိုဝင်ဘာ ၁၁ ရက်နေ့က ကြေညာထားပါတယ် အာဖရိကတိုက် အရှေ့ပိုင်းဒေသအများအပြားတွင် မိုးခေါင်ရေရှားသဖြင့် သီးနှံအထွက်နှုန်းများ ကျဆင်းကာ ကျွဲနွား စားကျက်များခြောက်သွေ့မှု၊စစ်မက်ဖြစ်ပွားမှု အရှိန်တိုးလာခြင်း ၊ကုန်သွယ်မှုဖရိုဖရဲဖြစ်ခြင်းနှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်မားလာခြင်းကြောင့် ပြည်သူတို့၏ စားသောက်ရေး အခြေအနေများ စိုးရိမ်ဖွယ် ဖြစ်လာရသည်ဟုလည်း အက်ဖ်အေအို ကြေငြာချက်တွင် ဖော်ပြထားပါတယ်
0 comments:
Post a Comment