ဒီတစ်ခါ ကျွန်တော် စိတ်ကူးတစ်ခုရလို့ ကျွန်တော်တို့တွေပေါ့ (အားလုံး)တော့မဟုတ်ဘူးပေါ့ဗျာ လူတော်တော်များဟာ လူတွေကျင့် ရမယ့် ကျင့်ဝတ်တော်တော်များများကို မသိကြတော့ဘူးဗျ မိဘဆိုရင်လည်းမိဘတို့ဝတ္တရားအတိုင်း လုပ်ဆောင်ရမှာတွေရှိသလို သား၊သားမီးက သားသမီးအလျှောက်ပေါ့ဗျာ အဲဒါလေးတွေကို စုစည်းဖော်ပြချင်လို့ပါ အဲဒါတွေကတော့
မိဘကျင့်ဝတ်
မကောင်းမြတ်တာ၊ကောင်းရာညွှန်လတ်
အတတ်သင်စေ၊ပေးဝေနှီးရင်း၊ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင် ဖခင်မယ်တို့တာ။
သားသမီးကျင့်ဝတ်
ကျွေးမွေးမပျက်၊ဆောင်ရွက်စီမံ
မွေခံထိုက်စေ၊လှူမျှဝေ၍
စောင့်လေမျိုးနွယ်၊၀တ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ။
လင်ကျင့်ဝတ်
မထီမဲ့ကင်း အပ်နှင်းဥစ္စာ
မိစ္ဆာမမှား ၀တ်စားဆင်ယင်
မြတ်နိုးကြင် ငါးအင်လင့်ကျင့်ရာ။
မယားကျင့်ဝတ်
အိမ်တွင်းမှုလုပ် သိမ်းထုတ်သေချာ
မိစ္ဆာကြဉ်ရှောင် လျော်အောင်ဖြန့်ချီ
ပျင်းရိမမှု ၀တ်ငါးဆူ အိမ်သူကျင့်အပ်စွာ
ဆရာကျင့်ဝတ်
အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ်ပမချန်
ဘေးရန်ဆီးကာ သင့်ရာအပ်ပို့
ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။
တပည့်ကျင့်ဝတ်
ညီညာထကြွ ဆုံးမနာယူ
လာမူကြိုဆီး ထံနီးလုပ်ကျွေး
သင်ထွေးအံရွတ် အပည့်ဝတ်
မချွတ်ငါးခုသာ။
ကြီးသူကျင့်ဝတ်
ထကြွနိုးကြား သနားသည်းခံ
ဝေဖန်ထောက်ရှု ဤခြောက်ခုကား
ကြီးသူကျင့်ရာ တရားတည်း။
မိတ်ဆွေကျင့်ဝတ်
ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက် နှုတ်မြွက်ချိုသာ
သစ္စာမှန်စေ ၀တ်ငါးထွေ ကျင့်လေမိတ်သဟာ။
ရဟန်းကျင့်ဝတ်
မကောင်းမြစ်တာ ကောင်းရာကိုလှစ်
အသစ်ဟောကျူး နာဖူးထပ်မံ
နတ်ထံတင်ရာ မေတ္တာလည်းပြု
ရဟန်းမှု ခြောက်ခုလွန်သေခြာ။
ဒါယကာကျင့်ဝတ်
မေတ္တာစိတ်သက် ဆောင်ရွက်ချစ်ခင်
ခင်မင်နှုတ်ချို လိုလျှင်ဖိတ်ထား
တတ်အားလှူစေ ငါးခုနေ ပြုလေဒါယကာ။
ဒါတွေကတော့ ကျွန်တော်သိသလောက်ကျင့်ဝတ်တွေပါ အမှတ်ရစေဖို့နဲ့ ကျင့်သုံးနိုင်စေကြဖို့အတွက်တင်ပေးလိုက်တာပါ
ကောင်းကြိုးအဖြာဖြာနဲ့ပြည့်စုံကြပါစေ.....
0 comments:
Post a Comment