ကျွန်တော် အခုတလော အလုပ်ကလည်းမရှိ ပျင်းလည်းပျင်းနေတာနဲ့ တစ်ခုခုတော့ရေးအုံးမယ်ပေါ့ ကွန်ပျူတာရှေ့ရောက်မှ ဘာအကြောင်းရေးရမှန်းမသိတော့ဘူး ဒါနဲ့ကိုယ်လည်းမိန်းမလည်းယူတော့မယ်ဆိုတော့ ဟီး... (ကြွားတာ)အခုခေတ်လူတော်တော်များများမသိကြတော့တဲ့ လင့်ကျင့်ဝတ်နဲ့ မယားကျင့်ဝတ်အကြောင်းလေးကို သွားသတိရမိလိုက်တယ် ဘယ်ခေတ်ဘယ်အခါဘဲရောက်ရောက် ဒီကျင့်ဝတ်တွေကတော့ မပျက်မကွက်လုပ်ဆောင်ရမယ့်ဝတ္တရားတွေလို့ ကျွန်တော်ထင်တယ် လင်ကလည်း လင့်ဝတ္တရား မယားကလည်းမယားဝတ္တရားကျေမှသာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ကြရမှာပေါ့ဗျာ အခုလူငယ်တော်တော်များက ကျင့်ဝတ်တွေကိုမသိကြတော့ဘူးလေ လူကြီးတွေကလည်း မင်္ဂလာဆောင်လိုက်တုန်းက မှာကြားလိုက်ကြပေမယ့် မမှတ်မိကြတော့ဘူး ဒါကြောင့် အိမ်ထောင်ပြုမယ့် ကျွန်တော့သူငယ်ချင်းများအတွက် ပြန်လည်သတိပေးလိုက်တာပါ လင့်ကျင့်ဝတ်တွေကိုကြည့်မယ်ဆိုရင် မထီမဲ့ကင်း
အပ်နှင်းဥစ္စာ
မိစ္ဆာမမှား
ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင်လင့်ကျင့်ရာတဲ့ သဘောကတော့ မိမိ မယားကို ဘာကြောင့်ဘဲယူထားယူထား မိမိထက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေပေါ့ မထီမယ့်ပြင်တော့မလုပ်ရဘူးပေါ့ဗျာ တန်ဖိုးထားချစ်မြတ်နိုးရမယ်ပေါ့ဗျာ ပြီးတော့ မိမိရှာတဲ့ စည်းစိမ်ဥစ္စာတွေကိုလည်း မိသားစုအတွက် မိမိမယားကို အပ်ရမယ် ဒါမှမယားလုပ်တဲ့သူက သုံးသင့်တဲ့နေရာမှာသုံး မိသားစုအတွက်အစစအရာ အသုံးပြုလို့ရမှာပေါ့ နောက် မိမိမယားကိုလည်း အ၀တ်တန်ဆာတွေကိုလည်းဆင်ယင်ပေးရမယ်တဲ့ ဒါမှသာ ပွဲလယ်တင့်တယ်မှာပေါ့ သူ့ကိုဆင်ယင်လို့ဘာလုပ်မှာတုန်း ကိုယ့်ဘာသာကိုဝတ်မှာပေါ့ ဒါမျိုးတော့လုပ်လို့မရဘူးနော် မိန်းမကိုဆင်ယင်တာ ဒီယောင်္ကျားဟာ မိသားစုအတွက်အားကိုးလောက်တဲ့သူဖြစ်တယ် မိန်းမကိုလည်းဆင်ယင်နိုင်တယ်ပေါ့ နောက်ပြီး တခြားသော မိန်းမများနဲ့ဖောက်ပြန်ခြင်းမပြုရဘူး သစ္စာရှိရမယ် မိမိမယားကို မြတ်နိုးချစ်ခင်ရမယ်ပေါ့ဗျာ ဒါလင့်ကျင့်ဝတ်တွေပါ မယားကျင့်ဝတ်တွေကတော့ အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ မိစ္ဆာကြင်ရှောင် လျော်အောင်ဖြန့်ချီ ပျင်းရိမမှု ၀တ်ငါးဆူ အိမ်သူကျင့်အပ်စွာလင့်လည်းလင့်ကျင့်ဝတ်တွေရှိသလိုမယားလည်းမယားကျင့်ဝတ်တွေရှိတယ် လင်တစ်ယောက်ထဲလင့်ကျင့်ဝတ်တွေကျေပွန်နေလို့မပြီးဘူးမယားလည်းမယားအလျောက် ကျေမှ သာလိုက်ဖက်ညီတဲ့ စုံတွဲလေးဖြစ်မှာပါ တစ်ယောက်အပေါ်တစ်ယောက်နားလည်ဖေးမပြီး ချစ်နိုင်မှ ဘ၀ရဲ့အခက်အခဲတွေကိုကျော်လွှားနိုင်မှာပေါ့
မြန်မာတို့ ဓလေ့ ပျော်စရာလေးများ
Posted by
nyanmyo
on Sunday, January 3, 2010
/
Comments: (0)
ကျွန်တော်တို့ မြန်မာပြည်မှာ (အထူးသဖြင့်) အညာမြေမှာတော့ ဒီလိုအေးချမ်းတဲ့ဆောင်းဥတုလေးမှာ မြန်မာ့ရိုးရာ ဓလေ့
ပျော်ပွဲရွှင်ပွဲလေးတွေလုပ်ကြပါတယ် စာသင်ကျောင်းတွေမှာရော ရွပ်ကွက်လေးတွေမှာပါ အသီးသီး သူ့နေရာနဲ့သူ ပျော်ရွှင်စရာလေးတွေ ....ဒါလေးတွေကို မြင်တော့ ငယ်ငယ်က နေခဲ့ရတဲ့ မွေးရပ်မြေ (အညာမြေ)လေးကို အရမ်းလွမ်းမိပါတယ် ဖြူစင်သန့်ရှင်းပြီး ပကာသနကင်းတဲ့ပြိုင်ပွဲလေးတွေ မြို့ပေါ်ကတချို့လူတွေတော့ သိကြချင်မှသိကြမယ် ဒါကြောင့် ကျွန်တော် အညာဒေသလေးက ချောတိုင်တက်ပွဲလေးကို သွားကြည့်ရင်းပုံလေးတွေကို ဒီလိုရိုက်ခဲ့ပါတယ်