စက်မှုတော်လှန်ရေး၌ အရေးပါသူ ဂျိမ်းစ်ဝပ်
စက်မှုတော်လှန်ရေး၌ အဆင့်အဆင့်ဖြစ်သည့် ရေနွေးငွေ့အင်ဂျင်ကို မွမ်းမံခဲ့သူ ဂျိမ်းစ်ဝပ်သည် စကော့လူမျိုး သင်္ချာပညာရှင်နှင့် အင်ဂျင်နီယာတစ်ဦးဖြစ်သည်။ ဂျိမ်းစ်ဝပ်ကို စကော့တလန်ပြည်နယ်၌ ၁၇၃၆ခုနှစ် ဇန်န၀ါရီ ၁၉ရက် တွင်မွေးဖွားသည်။သူသည် ဘာမင်ဟမ်တွင် နေထိုင်အလုပ်လုပ်ကိုင်သည်။ဘာမင်ဟမ်ဗဟိုစာကြည့်တိုက်တွင် ယခုအခါ သူ့စာတမ်းအများအပြားကို တွေ့ရှိနိုင်သည်။ ၁၇၅၄ခုနှစ်တွင် ဂလပ်ဂိုးသို့မပြန်မီ လန်ဒန်၌ စက်ယန္တရား ပြုလုပ်ရေးလုပ်ငန်းကိုဂျိမ်းစ်ဝပ်လေ့လာသည်။ ၁၇၆၃ခုနှစ်တွင် နယူးကိုမင်းရေနွေးငွေ့စက်ကို ပြင်ဆင်ပေးရာမှ စက်များကိုမည်သို့ တိုးတက်ကောင်းမွန်အောင် ပြုလုပ်မည်ဟူသော နည်းလမ်းများကို ရှာကြံစပြုလာသည်။ ဂျိမ်းစ်ဝက်သည် စကော့တလန်၌၁၇၆၅ခုနှစ်မှ ၁၇၇၀ပြည့်နှစ်အထိနယူကိုမင်း ရေနွေးငွေ့ စက်များကို ထိုင်ပေးသည်။ ၁၇၈၁ခုနှစ်တွင် ဂျိမ်းစ်ဝပ်သည် ဘာမင်ဟမ်အနီး ဆိုဟို၌ မက်သူးဘူတန်နှင့်တွဲဖက်ကာ လုပ်ငန်းစတင် ပြီးဝပ်ရေနွေးငွေ့အင်ဂျင်များကို ထုတ်လုပ်သည်။ ၁၇၈၁ခုနှစ်တွင် တိုးဆုတ်အင်ဂျင် လှုပ်ရှားမှုကို ပတ်လည်ရွေ့လျားမှုအဖြစ် ပြောင်းလဲပစ်ပြီး ၁၇၈၂ခုနှစ်တွင် နှစ်ချက်ထုတ် အင်ဂျင်စက်ကို တီထွင်သည်။
ဂျိမ်းစ်ဝပ်သည် ၁၇၈၄ခုနှစ်တွင် ရေနွေးငွေ့စက်ခေါင်းကို မူပိုင်ပြုလုပ်သည်။ ၁၇၉၀ပြည့်နှစ်တွင် ရေနွေးငွေ့ဖိအားတိုင်း ဒိုင်ခွက်ကို စတင်အသုံးပြုသည်။ ဂျိမ်းစ်ဝပ်၏ ရေနွေးငွေ့အင်ဂျင်ပုံစံမှာ ကန့်သတ်အသုံးပြုနိုင်သည့် စက်တစ်ခုကို ပိုမိုစွမ်းအားဖြည့်ပြီး များစွာအသုံးပြုနိုင်သည့် စက်အဖြစ်သို့ ပြောင်းလည်းပစ်နိုင်ခြင်းဖြစ်သည်။
သူ့ကိုဂုဏ်ပြုသောအားဖြင့် စကော့တလန်၌ သူ့အမည်ပေါက် ကောလိပ်ကျောင်း လေးကျောင်းရှိသည်။ဗြိတိန်တစ်နိုင်ငံလုံးတွင် သူ့အမည်ဖြင့် မှည့်ခေါ်ထားသည့် လမ်းပေါင်း ၅၀ကျော်ရှိသည်။
အခုကောင်းရင်နောင်ကောင်းပါလိမ့်မယ်
Posted by
nyanmyo
on Tuesday, December 8, 2009
/
Comments: (0)
လူငယ်စာပေတွေကို အများအားဖြင့် ရေးသားမိတဲ့မိမိကို တစ်စုံတစ်ယောက်ကများ လူငယ်ဆိုတာ ဘယ်အရွယ်လဲဗျာလို့ မေးလာခဲ့သည်ရှိသော် ဖြေတတ်အောင် သူများတွေသတ်မှတ်ထားတဲ့ အသက်အပိုင်းခြားများအား လေ့လာကြည့်မိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ တရားဝင်အသက်အရွယ်က အသက် ၁၅နှစ်မှ ၂၄ နှစ်အတွင်းရှိသူတွေကို လူငယ်လို့ခေါ်သတဲ့။အထက်တန်းကျောင်သားနဲ့ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေအားလုံးဟာ လူငယ်စာရင်းဝင်တွေဖြစ်ပါတယ် လူငယ်ဘ၀ကို ဆယ်နှစ်တာ သတ်မှတ်ထားရဲ့။ ကလေးသူငယ်များနဲ့ သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုအရ ကြေငြာတဲ့ကြေငြာစာတမ်းမှာတော့ အသက် ၁၈နှစ်အောက်ကို ကလေး၊ အသက် ၁၈နှစ်ပြည့်ပြီးရင် လူကြီး ဒီလိုဘဲသတ်မှတ်ထားတယ်။ ဒီအခြေခံသဘောတူညီမှုအရ အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်အတိုင်းပဲ မိမိတို့ မြန်မာနိုင်ငံမှာ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်းကို(ရူးသွပ်သူတို့၊ရာဇ၀တ်ပြစ်ဒဏ်ကြခံနေရသူတို့၊သာသနာ့ဝန်ထမ်း ဘုန်းကြီး၊ရဟန်း သံဃာစသည် တို့မှအပ) လူတိုင်းမဲဆန္ဒပေးခွင့်ရကြပါတယ်။ ဒါဟာအသက် ၁၈နှစ်ကျော်ရင် လူကြီးလို့သတ်မှတ်တဲ့အဓိပ္ပါယ်ပါဘဲ။
လူငယ်ဆိုတာ ကလေးနဲ့လူကြီးကြားက အရွယ်ပါ ။ မိမိတို့ဦးတည်ရည်ညွှန်းပြီး ရေးသားနေတဲ့လူငယ်ဆိုတာရဲ့ အသက်အပိုင်းအခြားက အသက် ၁၅နှစ်မှ ၃၀ အတွင်းပါ။ဒီအရွယ်ဟာ ဘ၀တစ်သက်တာရဲ့ တိုက်ပွဲအပြင်းထန်ဆုံးရုံးကန် လှုပ်ရှားရတဲ့ အချိန်အပိုင်းခြားလို့မိမိထင်ပါတယ်။ အရေးအကြီးဆုံးဘ၀တစ်ခုလုံးရဲ့ အတက်အဆင်းကို အဆုံးအဖြတ်ပေး တဲ့ကာလအပိုင်းအခြားလို့မှတ်ယူပါတယ်။တကယ်တော့ကလေးလဲ ကလေးအလျှောက်၊လူကြီးလည်းလူကြီးအလျှောက် အရေးကြီးတာချည်းဘဲ။ သို့ပေမယ့်အသက်၁၅နှစ်မှ ၃၀ အရွယ်လောက်မှာတော့ ဘ၀မှာ ပညာရှာချိန်၊ကြင်ယာရှာချိန်၊ ဥစ္စာရှာချိန် မိဘဆွေမျိုးတွေရဲ့ အရိပ်အာဝါသအောက်မှ မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်အောင် အပြင်းအထန်ကြိုးစားရမယ့်အချိန်ပေါ့။ အရေးကြီးဆုံးနဲ့ ဘ၀မုန်တိုင်းဒဏ်ကို အပြင်းထန်းဆုံးခံစားဖြတ်သန်းရမယ့် ကာလပါ။
ဟုတ်တယ် လူငယ်ဟာ အနာဂတ်ပါ။
အနာဂတ်ကိုမြင်ချင်ရင် လူငယ်ကိုကြည့်ပါ။
ယနေ့လူငယ်တွေဟာ နောင် ၁၀နှစ် အနှစ်၂၀တွေမှာ လူကြီးဖြစ်လာကြမယ့်သူတွေဘဲ။ သူတို့တော်ရင်အနာဂတ်တိုးတက်မှာဘဲ။ သူတို့ရှော်ရင် အနာဂတ်က ကျဆင်းမှာမလွဲဘူး။ ဘယ်သူဘယ်ဝါမှ မကယ်နိုင်ဘူး။ အနာဂတ်ကို ကောင်းအောင်တည်ဆောက်ချင် ရင်လူငယ်တွေကိုပြုစုပျိုးထောင်ရာမှာ အစွမ်းကုန်အားထည့်ကြရမှာ။ ငွေအရင်းအနှီးတိုးပွားအောင် အမွေပေးတာကောင်းပါတယ်။ တိုက်တာခြံမြေ ရွှေငွေရတနာတွေ အမွေပေးနိုင်ရင်ကောင်းပါတယ်။ သို့သော်...
အကောင်းဆုံးပေးရမှာက လူငယ်တွေကိုစွမ်းအား ဖြည့်တင်းပျိုးထောင်ပေးခြင်းပါ။ ဒါကြောင့်လူငယ်တွေ အချိန်ဖြုန်း လေလွင့်နေတာမြင်ရရင် ရင်နာတယ်။ လူငယ်တွေ မူးရူးရှုပ်ပွနေတာတွေ့ရင် စိတ်မကောင်းဘူး။ အနာဂတ်ကို ငါတို့ပိုင်ဆိုင်တယ်။ ငါတို့ချယ်လည်ဖန်တီးနိုင်မယ်။ ဒါကြောင့်မိမိကိုယ်ကို အကောင်းဆုံးမြှင့်တင်ပျိုးထောင်မယ်လို့ နားလည်သိမြင်ကြတဲ့ လူငယ်တွေကို တွေ့မြင်ရရင် အလွန်အားတက်ကြည်နူးတာဘဲ။ ဘ၀တစ်ခုဟာ ဒီအသက် ၁၅နှစ်နဲ့ ၃၀ အတွင်းမှာ လူတစ်လုံးသူတစ်လုံးဖြစ်မလား လမ်းချော်ပြီးချောက်ကမ်းပါးထဲကြသွားမလား ။ အရေးကြီးဆုံး အဆုံးအဖြတ်ပေးတဲ့ကာလလေ။ ကိုယ်ပိုင်အချိန်ကိုဘယ်လိုအသုံးပြုသလဲ။
လမ်းဆုံလမ်းခွတွေလည်းရှုပ်ထွေးနေတယ်။
သူရဲ့အဝေမြင်ကွင်းတွေလည်း မသဲကွဲနိုင်သေးဘူး။
ယုံကြည်ချက်၊ခံယူချက်၊မျှော်မှန်းချက်ကိုဘဲ ရဲရဲတိုက်ပြီးရှေ့ကိုတိုးကြရမှာ။ မျှော်မှန်းချက်ရှိရမယ်။
ဖြားယောင်းသွေးဆောင်မှုလည်းများတယ်။
လှည့်စား ဟန်ဆောင်မှုတွေလည်းပေါတယ်။
အန္တာရယ်လည်း အလွန်ပေါများ ထွေပြားတယ်။
မိမိရဲ့ဝါသနာ ဗီဇ ပါရမီ Talentကိုလည်း သိအောင်ကြိုးစားပြီး ဖော်ထုတ်ရမယ်။ ရင့်သန်အောင်လုပ်ရပါ့မယ်။ ရွေးချယ်မှုမှန်ကန်ုဖို့ ဆုံးဖြတ်ချက် ခိုင်မာဖို့၊ ဇွဲလုံလ၀ီရိယရှိဖို့နဲ့ ဘေးဝဲယာက လှည့်စားဖြားယောင်းမှုတွေမှာ မျောလွင့် ပါမသွားဘဲ ကြံ့ကြံ့ခိုင်ဖို့ မိမိရဲ့ အနေအထိုင် အ၀တ်အစား အပြောအဆို အတွေအခေါ် အသိအမြင် ကိုပြောင်းလဲဖွံ့ဖြိုး လာအောင် အကောင်းဆုံးပျိုးထောင်ဖို့ အရေးကြီးဆုံးအချိန်ဘဲ။ ဘ၀တစ်သက်တာလုံးအတွက် အဆုံးအဖြတ်ပေးတဲ့ တကယ့်ဘ၀ အစိတ်အပိုင်းနော်။ လူငယ်တွေဟာ မာနကြီးမားသော်လည်း လူကြီးလောက်အရည်မထူသေးဘူးကွဲ့။ ကွဲလွယ်တယ်၊ ဆတ်နေသေးတယ်။ သတ္တိကိုအလွဲမသုံးမိဖို့လိုပါတယ်။
ရဲဝံ့စွန့်စားတိုင်းလည်း အမှန်မဟုတ်ဘူး။
မှန်တာကိုရွေးချယ်နိုင်စွမ်းရှိတဲ့ အသိမြင်မျိုးနဲ့စွန့်စားမှသာ လောကကောင်းကျိုး၊မိမိကောင်းကျိုး ရရှိနိုင်တယ်။ မှားတဲ့ဘက်က ရပ်တည်ပြီး သတ္တိကောင်းနေရင် မိမိရော ပတ်ဝန်းကျင်ပါ ဆိုးကျိုးသာလျှင်အဖတ်တင်ရတတ်ပါတယ်။ ဒေ၀ဒတ်လိုလူမျိုး မြှောက်ထိုးပင့်ကော်တွေ ပြောနေတတ်တယ်သတိထား။
လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်က ရဲရဲဝံ၀ံစွမ်းစွမ်းတမံ ပါဝင်ခဲ့ကြတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်တစ်ချို့ဟာ ကွန်မြူနစ်ဝါဒ အစွဲမှိုင်းမိပြီး နှစ်ပေါင်းလေးဆယ်လောက် တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင် လက်နက်ကိုင်ဒုက္ခပေးခဲ့တယ်။
မျိုးချစ်စိတ်ရှိတဲ့လူငယ်တွေဘဲ။
တကယ်တော်တဲ့ ထက်တဲ့လူငယ်တွေပါဘဲ။ တိုင်းပြည်အကျိုးကို လုပ်ခဲ့ကြတဲ့သူတွေဘဲ အတွေးအခေါ်အစွဲအမြင် လွဲသွေတော့ သူတို့ခမျာလည်း ဒုက္ခရောက် တိုင်းပြည်နဲ့လူမျိုးလည်း ဆင်းရဲမွဲတေခြင်း သံသရာကြေထဲ နစ်မြုပ်။ စစ်မက်နဲ့ဖျက်စီးမှုအတွက် ရဲရင့်မှု ဇွဲရှိမှု သတ္တိကောင်းမှုတွေက ဆိုးကျိုးသက်သက် ပေါ်ထွက်စေပါတော့တယ်။ ၀မ်းနည်းစရာပေါ့ကွယ်။
သမိုင်းစာမျက်နှာထဲက သင်ခန်းစာတွေ။
လူ့ဘ၀ရလာတဲ့အခိုက်မှာ လူငယ်ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ကုသိုလ်နဲ့ အကုသိုလ်တော့ ကောင်းစွာခွဲခြားနားလည်ရပါမယ်။
ကုသိုလ်တရားဆိုတာဘာလဲ
ပြုသူအား အခုရောနောင်ပါ ကောင်းကျိုးရရှိစေတဲ့ အလုပ်မျိုးတွေဘဲ။ ပုညကြိယာ ၀တ္ထုဆယ်ပါးဆိုတာ မျိုးတွေပေါ့။
အကုသိုလ်တရားကရောဘာလဲ
မလိမ္မာသော၊ အပြစ်နဲ့တကွဖြစ်သော မကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာရှိသော (၀ါ)ကုသိုလ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အရာ ၊မိမိကိုယ်ဖြစ်စေ သူတပါးကိုဖြစ်စေ ထိခိုက်စေတဲ့ အလုပ်မျိုးဘဲ။
အကုသိုလ်စိတ်ဟာ ပယ်ရမယ့် ပဟာတဗ္ဗတရားဘဲ
ရှောင်ရန်ဖြစ်တယ် Don'tမလုပ်နဲ့
တားမြစ်ပိတ်ပင်အပ်တဲ့ အလုပ်မျိုးတွေဖြစ်ပါတယ်
ကုသိုလ်စိတ်ကတော့ ကျင့်သုံးစွဲပိုက်ရမှာ
ဆောင်ရန်ဖြစ်တယ် Do လုပ်ဆောင်ပါ
တိုက်တွန်းအပ်တဲ့အလုပ်မျိုးတွေဖြစ်ပါတယ်
အကုသိုလ်စိတ်ရဲ့အရင်းမြစ်တွေကတော့ လောဘစေတသိက်၊ဒေါသစေတသိပ်နဲ့ မောဟစေတသိက်တို့ပါဘဲ ။ အခြေခံအကြောင်းမို့ ဟိတ်လို့လဲခေါ်တယ် ။အကုသိုလ် ဟိတ် သုံးခု ။
ကုသိုလ်စိတ်ရဲ့အရင်းမြစ်တွေကတော့ အလောဘ၊အဒေါသနဲ့ အမောဟစေတသိက်တို့ပါဘဲ။ သူတို့ကို ကုသိုလ် ဟိတ်သုံးပါးလို့လဲ ခေါ်တယ်။
အလောဘ ဆိုတာ ဒါန၊စာဂ၊စွန့်လွှတ်တာ ပေးကမ်းတာ လှူဒါန်းတာ မမက်မောတာ မလိုချင်တာ မျှဝေ ပေးဝေတာ။
အဒေါသ ဆိုတာ မခက်ထန်ဘူး အကြမ်းတမ်းဘူး အမောက်မာဘူး မတင်းမာဘူး နူးညံ့တယ် နှိမ့်ချတယ် ပျော့ပျောင်းတယ်။ ဒါအပြင် မေတ္တာလို့လည်း အဓိပ္ပါယ်ရတယ်။ခင်မင်ခြင်း ကြင်နာခြင်း စာနာခြင်း အကျိုးလိုလားခြင်း ကောင်းကျိုးကိုသာဖြစ်စေခြင်း
အမောဟ ဆိုတာ ဥာဏ်ပညာ မြှော်မြင်နိုင်စွမ်းရှိတာ ကြိုတင်မြှော်ခေါ်တတ်တာ အမှန်ကိုထွင်းဖောက်သိမြင်တာ အပိတ်အဆီးမရှိ ရှင်းလင်းသဲကွဲစွာ ဥာဏ်မျက်စိနဲ့ မြင်စွမ်းရှိတဲ့သဘော။
ကောင်းမှုတစ်ခုခုကို ကုသိုလ်စိတ်နဲ့ လုပ်ပါပြီတဲ့ ဘယ်လိုလုပ်မလဲ
သောမနသသဟဂုဏ်=ပျော်ပျော်ရွှင်ရွှင် ၀မ်းပန်းတသာနဲ့ ကြည်နူးစွာလုပ်ပါ
ဥာဏသမ္ပယုတ် = ကံ ကံရဲ့အကျိုးကိုကောင်းစွာသိမြင် ဥာဏ်ဆင်ခြင်ပြီးလုပ်ပါ(အကြွားအ၀ါ ပကာသနမပါ။ဂုဏ်တု ဂုဏ်ပြိုင်မ ဟုတ်ပါ)
အသင်္ခါရိက = ထက်ထက်သန်သန် တက်တက်ကြွကြွ အမူရာဖြင့် ပြုလုပ်ပါ။ စိတ်ပါလက်ပါလုပ်ပါ။(စိတ်မပါတပါ အင်တင်တင်နဲ့ လုပ်တာမျိုးက အကျိုးပေးမထက်သန်ဘူး)
ကုသိုလ်ဖြစ်ခြင်း အကြောင်းရင်းတရားက ပတ်ဝန်းကျင်လှုံ့ဆော်မှုလည်း ပါတော့ပါတယ်။ ပတ်ဝန်းကျင်ကောင်းက အထောက်အပံပေးပါတယ်။ သို့ပေမယ့် အတွင်းဓါတ်ခံက ပိုပြီးအဓိက ကြပါတယ်ဗျ။ နှလုံးသွင်းသဘောထား လိမ္မာယဉ်ကျေးခြင်းဟာ အရေးကြီးတယ်။
သဒိသံ=တူသော ၊ပါကံ=အကျိုးဝိပါက်ကို၊ဇနေတိ=ဖြစ်စေ၏တဲ့ ဒါကြောင့် စိတ်ကောင်းမွေးပါ တူသောအကျိုးကိုပေးတယ်ဆိုတာ ကုသိုလ်ပြုလျှင် ကုသိုလ်အကျိုး အကုသိုလ်ပြုလျှင် အကုသိုလ်အကျိုး မလွဲမသွေဖြစ်စေတဲ့ နိယာမသဘာဝကိုပြောတာဘဲ။
အချည်သီးစိုက်လျှင် အချင်သီးစားရမယ်
အချိုပင်စိုက်လျှင် အချိုသီးစားရမယ်
ကောင်းသောအလုပ်ကိုလုပ်လျှင် ကောင်းကျိုးပေး၍ မကောင်းသောအလုပ်ကိုလုပ်လျှင် မကောင်းကျိုးပေးတယ်ဆို သာဓကတွေ ရှာဖွေပြီးသိမြင်အောင်ကြည့်ပါ။တွေ့လား
မနေ့ကဖြစ်ရပ်မှန်တစ်ခု နမူနာရှုကြပါစို့
လောက်လေးခွနဲ့ ငှက်ပြစ်တဲ့ ကောင်လေးတစ်ယောက် မျက်စိတစ်ဖက် သူ့သားရေလေးခွ ကျောက်ခဲမှန်ပြီး ကန်းသွားပါလေရော။ ဘ်ာသူမပြု မိမိမှု မဟုတ်လား
ကုသိုလ်ကံ အကုသိုလ်ကံတွေနဲ့ ဘ၀ကောင်းဆိုးကျိုးတွေ ခံစားနေရကြောင်း ထင်ရှားပါတယ်။
ကောင်းကျိုးချမ်းသာ မင်္ဂလာရဲ့ တည်ရာဖြစ်တဲ့အတွက် လူတွေပြုသင့်ပြုထိုက်သော ကောင်းမှုကုသိုလ် အလုပ်ဆယ်မျိုးရှိတယ်
ပုညကြိယာ ၀တ္ထု(၁၀)ပါးလို့လည်းခေါ်တယ်
ဒါန လှူဒါန်းခြင်း ပေးကမ်းခြင်း ဝေငှခြင်း ထောက်ပံခြင်း သူတပါးချမ်းသာအောင်ကူညီခြင်းများ
သီလ စောင့်ထိမ်းခြင်း သူတပါးမဆင်းရဲအောင် စောင့်ရှောက်တဲ့အလုပ်
ဘာဝနာ ပွားများခြင်း မိမိစိတ်ကိုမြင့်မြတ်အောင် ဖြူစင်အောင်လေ့ကျင့်အားထုတ်ခြင်း
အပစာယန ရတနာသုံးပါးနဲ့မိဘ ဆရာ မိမိထက်အသက်အရွယ် သိက္ခာ ဂုဏ်ကြီးသူများအား ရိုသေလေးစားမှု
ဝေယျာဝစ္စ သူတပါးရဲ့အပြစ်ကင်းတဲ့ ကစ္စကြီးငယ် တို့ကို ကူညီဆောင်ရွက်ပေးခြင်း အခမဲ့ဝန်ဆောင်ခြင်း
ပတ္တိဒါန ကုသိုလ်ကိုမျှဝေခြင်း
ပတ္တာနုမောဒနာ ကုသိုလ်တရားတစ်ခုခု ကြားရမြင်ရလျှင် ၀မ်းသာရွှင်ပျသာဓုခေါ်ခြင်း
ဓမ္မသ၀န တရားစာ တရားစကား ဖတ်ရှုနာကြားမှု
ဓမ္မဒေသနာ အများ၏စီးပွားချမ်းသာအလို့ငှာ ရိုးသားဖြူစင်သော စေတနာဖြင့် တရားဟောပြောမှု
ဒိဋ္ဌိဇုကမ္မ ကံကံ၏အကျိုးကို ယုံကြည်သော ကံသာလျှင် ကိုယ်ပိုင်ပစ္စည်း ဥစ္စာအစစ်အမှန် အခြားပစ္စည်း ဥစ္စာ ရတနာ ရွှေငွေ မြေဟူသမျှ ကိုယ်ပိုင်မဟုတ်ဆိုတာ သိမြင်နားလည်တဲ့ ကမ္မသကတာဥာဏ်ရှိခြင်း။
ကမ္မသကတာသမ္မာဒိဋ္ဌိ ကံရဲ့ကောင်းကျိုးဆိုးကျိုးကို ကောင်းစွာကြည်ကြည်လင်လင်သိမြင်ရင် ပြင်ပမှာအားကိုးမရှာနဲ့ အဆောင်တွေ ယတြာတွေ အင်းတွေ ဘာမှမလိုအပ်ဘူး။ မိမိသာလျှင် အဆုံးအဖြတ်ပေးသူ ပေပဲလို့ အဓိကအကျဆုံး ပုဂ္ဂိုလ်ကို အရေးကြီးမှန်းနားလည်ပါလိမ့်မည်။ စိတ်ကောင်းရှိဖို့က ပထမပါ။
ချစ်နိုင်(စိတ်ပညာ) ဆောင်းပါးကို ရေးသားတင်ပြပါသည် ။
စိတ်ကောင်းရှိဖို့က ပထမလို့ထင်ပါတယ်........
ဥာဏ်လေး...

အသက်ဘယ်လောက်ရှိနေပြီလဲ တွက်ကြည့်ပါအုံး
Posted by
nyanmyo
on Saturday, December 5, 2009
/
Comments: (0)
မိမိအသက်ကို ခုနှစ်တွေရက်တွေလတွေနဲ့တွက်ရတာ ရှုပ်နေတယ်ဂျာ လွယ်လွယ်နဲ့ဘယ်လိုတွက်လို့ရမလဲ ..စဉ်းစားနေတာ အခုတော့ရပြီ သူများတွေကိုလည်းမျှဝေလိုက်ပါတယ် သူငယ်ချင်းတစ်ယောက်ကမေးပို့ပေးလို့လေ တခြားသူတွေကိုလည်းသိအောင် ပြောပေးပါဆိုလို့ တွက်ကြည့်နော်
1) ပထမဦးဆုံး (0-9) ကြိုက်ရာ ဂဏန်း ၁လုံးရွေးပါ။
(ဥပမာ - တပတ်ကို ဘယ်နှစ်ခါ အပြင်ထွက်လည်ချင်တာတို့ပေါ့)
(2) ဂဏန်း ၁လုံး ရလာပြီဆိုရင် ၄င်း ဂဏန်းကို 2 နဲ့မြှောက်ပါ။
(3) ပြီးရင် 5 ပေါင်း။
(4) ပြီးရင် 50 နဲ့ထပ်မြှောက်လိုက်ပါ။
(5) တကယ်လို့ ဒီနှစ်မှာ သင့်ရဲ့မွေးနေ့ ကျော်သွားပြီဆိုရင် ခုနက ရထားတဲ့ ဂဏန်းကို 1759 နဲ့ပေါင်းပါ။ သင့်ရဲ့မွေးနေ့က ဒီနှစ်မှာ မကျော်သေးဘူးဆိုရင်တော့ 1758 နဲ့ပေါင်းပါ။
(6) နောက်ဆုံး တချက်အနေနဲ့ ကိုယ့်ရဲ့ မွေးသက္ကရာဇ်ခုနှစ် (ဥပမာ - 1982 ,1987 စသဖြင့်ပေါ့) ကို ရလာတဲ့ ဂဏန်းထဲကနေ နှုတ်လိုက်ပါ။
(7) အခု သင့်မှာ ဂဏန်း ၃လုံး ကျန်ခဲ့နေပါတယ်။
(8) ရှေ့ဆုံး ဂဏန်း ၁လုံးကတော့ သင် အစမှာ ကြိုက်ရာရွေးခဲ့တဲ့ ဂဏန်းပါပဲ။ နောက်ဆုံး ကိန်းဂဏန်း ၂လုံးကတော့ သင့်ရဲ့ အသက်ပါပဲ။
မှန်တယ်ဟုတ်..........ဒါလေးကတော့ 2009 ခုနှစ်အတွက် တွက်ပုံတွက်နည်းလေးပါ။
နောက်နှစ်တွေကျရင် အဆင့် (5) မှာ ဖော်ပြထားတာကို ပြောင်းပေးဖို့လိုမယ်နော်။
For Year 2010
သင့်ရဲ့မွေးနေ့ ကျော်သွားပြီဆိုရင် (1760) နဲ့ပေါင်းပါ။ မကျော်သေးဘူးဆိုရင်တော့ (1759) နဲ့ပေါင်းပါ။
For Year 2011
သင့်ရဲ့မွေးနေ့ ကျော်သွားပြီဆိုရင် (1761) နဲ့ပေါင်းပါ။ မကျော်သေးဘူးဆိုရင်တော့ (1760) နဲ့ပေါင်းပါ။
တစ်နှစ်တိုးလာတိုင်း ( ) နေရာလေးမှာ တစ် ဂဏန်း တိုးတိုးပြီး ပေါင်းသွားလိုက်ရုံပါပဲ။
ကဲ....သင်သိသွားပြီဆိုရင်လည်း တခြားသူတွေကိုလည်း မျှဝေပေးဖို့မမေ့နဲ့နော်။
အားလုံးကို ခင်မင်လေးစားလျက်............
http://babywaing.blogspot.com/ မှကူးယူဖော်ပြသည်။

သင်္ချာ ၀ါသနာပါသူတွေအတွက်
Posted by
nyanmyo
/
Comments: (0)
မသိသူကိုတော့ ဆရာလုပ်လို့ရတာပေါ့ ဟီး ကျွန်တော်လည်း သူများကဆရာလုပ်တာခံလိုက်ရတယ် ဒါကြောင့်သူများတွေလည်း ကိုယ်လိုမဖြစ်အောင် သင်္ချာနည်းလေးတွေကို သိသလောက်တင်ပြလိုက်တာ တခြားသိတာလေးတွေရှိရင်လည်းပြောကြပါအုံးဗျ
အမြဲတမ်း (၅)
၁။သင့်စိတ်ကြိုက် ကိန်းတစ်စုံတစ်ခုအား ယူစေပါ။
၂။၎င်းကိန်းထက် ၁ ကြီးသော ကိန်းနှင့်ပေါင်းစေပါ။
၃။ ရသောအဖြေကို (၉) နှင့်ပေါင်းပါ။
၎။ ပေါင်းရသောကိန်းကို (၂)ဖြင့်စားပါ။
၅။ မူတည်ကိန်းကို နုတ်ပါ။
အဖြေသည် အမြဲတမ်း (၅) ဖြစ်ပါသည်။
ဥပမာ.... မိမိယူထားသော စိတ်ကြိုက်ကိန်း... ၆၃၅
၆၃၅ + ၆၃၆ = ၁၂၇၁ + ၉ =၁၂၈၀ /၂ = ၆၄၀ -၆၃၅ = ၅
ကဲ အိုကေပါတယ်နော်
ဝင်းမြတ်သန်း၏ ဂဏန်းပညာပြကွက်ဆန်းများ စာအုပ်မှ.....

ကြိုက်တဲ့ ဂဏန်းကိုရွေး မှန်အောင်ပြောမယ်
Posted by
nyanmyo
/
Comments: (0)
သူများကို ဦးနှောက်စားအောင် လုပ်ကြည့်ရအောင် ဟဲဟဲ ကိုယ်တိုင်တီထွင်ထားတယ်လို့တော့မထင်လိုက်နဲ့ သူများစီက သိတာ (ဒီလိုကြွားလိုက်ရမှ)
သင့်မိတ်ဆွေအား ၁ မှ ၉ အထိကြိုက်ရာ ဂဏန်းတစ်ခုံ တစ်ခုကို ရေးစေပြီး .... ပြီးနောက် အောက်ပါအတိုင်း...
၁။ သူရေးသော ဂဏန်း၏ ညာဘက်မှ သုည တစ်လုံးတိုးစေပါ။
၂။ မူလရေးသား ဂဏန်းနှင့်ပေါင်းစေပါ။
၃။ အဖြေကို ၃ ဖြင့်မြှောက်ပါ။
၎။ ရသောအဖြေကို ၁၁ ဖြင့်မြှောက်ပါ။
၅။ ရသော နောက်ဆုံး အဖြေကို ၃ ဖြင့်မြှောက်ပါ။
၆။ အဖြေ၏နောက်ဆုံး ဂဏန်းကိုပြောစေပါ။
၎င်း ကိန်းကိုရလျှင် သင့်အနေဖြင့် အဖြေကိုပြောနိုင်ပါသည်။ အဖြေသည် ကိန်း ၄ လုံးရှိမည်ဖြစ်သည်။
အဖြေ၏ နောက်ဆုံးဂဏန်းကို ရသောအခါ ၎င်း ဂဏန်းကို ၉မှနုတ်ပါ။ အဖြေ၏ ဒုတိယကိန်းကို ရမည်။ ပထမကိန်းသည် ဒုတိယကိန်းထက် အမြဲ ၁ ကြီးမည်။ တတိယကိန်းသည် ပထမကိန်းကို ၉ မှနုတ်ခြင်းဖြင့်ရမည်။
နေအုံး ပြောတာကိုမရှင်းမှာဆိုးလို့ ဥပမာပါလုပ်ပြလိုက်မယ် ဒီလိုလေး...
ဥပမာ.... သင့်မိတ်ဆွေရွေးသော ဂဏန်းသည် ..... ၅
၎င်း ၅ အား ညာဘက်မှ သုညပေါင်းထည့်သော်.... ၅၀ မူလရေးသော ဂဏန်းနှင့်ပေါင်းစပ်သော် ၅၀+၅ =၅၅ ရသောအဖြေကို ၃ နဲ့မြှောက်သော် ၁၈၅ ရမည်။ ရသောအဖြေ ၁၆၅ အား ၁၁ ဖြင့်မြှောက်သော် ၁၈၁၅ .... ရသောအဖြေအား ၃ ဖြင့်မြှောက်စေပါ .....၅၄၄၅ ကိုရမည် ... အဖြေရဲ့နောက်ဆုံး ဂဏန်းကိုပြောစေပါ.... အဖြေရဲ့နောက်ဆုံးဂဏန်း... ၅ ကျန်သည်များကို အထက်ပါနည်းအတိုင်း .... ၉ - ၅ (နောက်ဆုံးဂဏန်း) = ၄ (ဒုတိယကိန်း) ... ပထမကိန်းက ဒုတိယကိန်းထက် ၁ ကြီးတော့ .. ၅ (ပထမကိန်း) ...... ၉-၅ (ပထမကိန်း) = ၄ (တတိယကိန်း) ကိုရမည်..... နောက်ဆုံးတွင်သင်က ၅၄၄၅ ဖြစ်တယ်လို့ပြောလိုက်ပါ....
အမြန်သာ သူများကို ဦးနှောက်စားခိုင်းတော့

ပြေးလို့မလွတ်ပါဘူး (၁၀၉၉၈၉)ကနေ
Posted by
nyanmyo
/
Comments: (0)
ဘယ်ဂဏန်းကို ပဲယူယူ ဒီအဖြေကနေပြေးလို့မလွတ်ပါဘူး အပေါ်မှာတုန်းက အဖြေ ၅ ရသလိုပေါ့ဗျာ လုပ်ကြည့်ပါအုံး
အမြဲတမ်းအဖြေ (၁၀၉၉၈၉)
စိတ်ကြိုက် မည်သည့်ဂဏန်း(၅)လုံးပါ ကိန်းတစုံကို ယူသည်ဖြစ်စေ ၊ သင့်အဖြေသည် အမြဲတမ်း (၁၀၉၉၈၉) ဖြစ်ပါသည်။စာရွက်လွတ် တခုပေါ်တွင် သင့်စိတ်ကြိုက် ဂဏန်း (၅)လုံးပါ ကိန်းတစ်စုံတစ်ခုကို ရေးပါ ၊ ရှေ့ဆုံးဂဏန်းနှင့် နောက်ဆုံးဂဏန်းကို နေရာပြောင်းလိုက်ပါ ။ပြီးလျှင်များသော ကိန်းမှ နည်းသောကိန်းကိုနုတ်ပါ ။ရသောအဖြေကို တစ်နေရာတွင် မှတ်သားထားပါ။၎င်းရသော အဖြေ၏ အောက်တွင်ပင် ၎င်း ကိန်း၏ရှေ့ဆုံးဂဏန်းနှင့် ၊ နောက်ဆုံးဂဏန်းကို နေရာပြောင်း၍ရေးပါ။ ၎င်းကိန်းနှစ်ခုကို ပေါင်းပါ။ သင့်အဖြေသည် (၁၀၉၉၈၉) ဖြစ်ရမည်။
ဥပမာ.....
၁။ သင်ရေးသော ကိန်း ........................................ ၀၉၈၆၆
၂။ ရှေ့ဆုံးကိန်းနှင့် နောက်ဆုံးကိန်းပြောင်းခြင်း.......... ၆၉၈၆၀
၃။ များသောကိန်းမှ ငယ်သောကိန်းကိုနုတ်ခြင်း.......... ၆၉၈၆၀-၀၉၈၆၆=၅၉၉၉၄
၎။ ရသောဖြေကိုရေးချခြင်း................................... ၅၉၉၉၄
၅။ အစွန်းနှစ်ဘက် ကိုနေရာပြောင်းရေးခြင်း ............ ၄၉၉၉၅
၆။ ပေါင်းခြင်း ...................................................(၅၉၉၉၄+၄၉၉၉၅)= ၁၀၉၉၈၉
နောက်ထပ် ဂဏန်းငါးလုံးထဲတင်မဟုတ်ဘူး နောက်ထပ်တိုးရင်လည်းအဆင်ပြေတယ်ဗျ အောက်ကအတိုင်းသာလိုက်တိုးလိုက်
အကယ်၍ ကိန်းဂဏန်း (၆)လုံး ယူလျှင် .... ၁၀၉၉၉၈၉
ကိန်းဂဏန်း (၇) လုံးယူလျှင်.................. ၁၀၉၉၉၉၈၉ ဖြစ်မည်......

ဥာဏ်စမ်းပုစ္ဆာ
Posted by
nyanmyo
/
Comments: (0)
ဥာဏ်စမ်းပုစ္ဆာ (ပုံပြင်လေးပါ)
ရှေးလူကြီးတွေများ တော်တော်ပညာပြချင်တတ်သည်။ နှောင်းလူတွေကို ဆုံးမချင်တာ၊ မှာခဲ့ချင်တာ ရှိတဲ့အခါ တိုက်ရိုက်တည့်တည့် ပြောလိုက်လျှင် ရလျက်သားနှင့် ပဟေဠိ စကားထားတွေနှင့် ဦးနှောက်စားအောင်လုပ်တတ်သည်။
သိုက်စာအတိတ်၊ တဘောင်တွေဆိုလျှင် ဘယ်အရပ်ကနေ မြောက်စူးစူးကို ခရီးတာ ဘယ်လောက်သွား၊ ဘာပင်တွေ့လိမ့်မယ်၊ အဲဒီကနေ အရှေ့တောင်ကို ခြေလှမ်းငါးဆယ်လှမ်း၊ ကျောက်ဂူတွေ့မယ်။ ဒီလိုမဟုတ်ဘဲ အဓိပ္ပါယ်ဖော်ရခက်အောင် ကွယ်ဝှက်ပြီး ရေးထားတော့ ရှာဖို့ခက်သွားတာပေါ့။ စကတည်းက မပေးချင်လည်း ဘာကြောင့် သိုက်ညွှန်းစာရေးနေရသေးလဲ။ ရှေ့ဘာဖြစ်မယ်ဆိုတာ ဟောကိုန်းထုတ်ချင်လည်း တည့်တည့်ပြောပါလား။ ဘာဖြစ်လို့ တဘောင်တွေ စနည်းတွေ လုပ်နေရတာလဲ။
အဂ္ဂိရတ်မှာလည်း ဒီလိုပဲ။ ဓာတုဗေဒပညာလို ပုံသေနည်းတွေ ညီမျှခြင်းတွေနဲ့ တိတိကျကျ မပြောကြ။ လင်္ကာတွေ စာချိုးတွေနဲ့ မျက်စိလည်အောင် လုပ်တတ်သည်။
ဆေးညွှန်းပေးတာတောင် စကားထားဝှက်သလို လုပ်ချင်သည်။ သွားကိုက်ပျောက်ဆေးနည်းတစ်ခုမှာ “ငါးပိလက်လေးသစ်” တဲ့။ ဘယ့်နှယ် ငါးပိလက်လေးသစ်ဆိုတော့ သွားမှာသိပ်ဖို့ နေနေသာသာ ပါးစပ်ထဲတောင် ထည့်ဖို့မလွယ်။
အမှန်က ပါဝင်သော ဆေးအမယ်များမှာ ပထမစာလုံးများဖြင့် အတိုကောက် မှတ်ထားခြင်းဖြစ်၏။ င=ငရုတ်ကောင်း၊ ပိ=ပိတ်ချင်း၊ လက်=လက်ချား၊ လေး=လေးညှင်း၊ သစ်=သစ်ကြမ်းပိုးခေါက်တို့ ဖြစ်သည်။ ဒီနေရာမှာ အဓိပ္ပါယ်ကောက်လွဲသွားနိုင်သည်။ “င” ကို ငရုတ်သီး၊ “လက်” ကို လက်ထုပ်ကြီး၊ “သစ်” ကို သစ်စိမ့်သီးဆိုပြီး မှားထည့်မိလျှင် ဘယ်လိုလုပ်မလဲ။
ကိုယ်မရှိတော့တဲ့အချိန်မှာ သားသမီးတွေ လိမ္မာအောင်၊ ဒုက္ခမရောက်အောင် မှာကြားဆုံးမရာမှာတောင် ဇဝေဇ၀ါဖြစ်အောင် လုပ်ခဲ့သေးသည်။ ပုံပြင်တစ်ခုတောင် ရှိသေးတယ်လေ။ သူဌေးကြီးသေတော့ သူ့သားကိုမှာခဲ့တာက…
ခေါင်းတစ်ရာသားစားပါ။
အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ။
ခေါင်းသုံးလုံးနဲ့ ပညာရှိကို ဆည်းကပ်ပါ။
ဒီတော့… သားလုပ်တဲ့သူက ကြက်၊ ဘဲ၊ သိုး၊ ဆိတ်၊ ၀က်၊ အမဲ စသည်ဖြင့် အကောင်တစ်ရာဝယ်ပြီး ခေါင်းဖြတ်စားသည်။ ငွေတွေ သောက်သောက်လဲကုန်သည်။
အိမ်နောက်ဖေး ဈေးဆိုင်ဖွင့်ရောင်းသည်။ ဘယ်သူမှလာမ၀ယ်သဖြင့် အကြီးအကျယ်ရှုံးသည်။
နောက်ဆုံး ခေါင်းသုံးလုံးနှင့် ပညာရှိကို လိုက်ရှာသည်။ အသက်အရွယ် အိုမင်းလွန်းသဖြင့် ခါးကိုင်းနေပြီး ဆောင့်ကြောင့်ထိုင်နေသောအခါ ဦးခေါင်းက ဒူးနှစ်လုံးကြားထဲ ရောက်နေသော အဘိုးအိုတစ်ယောက်ကို တွေ့ရ၏။ ရုတ်တရက်ကြည့်လိုက်လျှင် သူ့အဖေမှာခဲ့သည့် အချက်များ၏ ဆိုလိုရင်းကို သိရလေသည်။
“ခေါင်းတစ်ရာသားစားပါ” ဆိုတာက ဈေးသက်သာသော ငါးသေးငါးဖွဲကလေးတွေ စားခိုင်းခြင်းနှင့် “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုတာက ဟင်းသီးဟင်းရွက် စိုက်ခိုင်းခြင်း ဖြစ်လေ၏။
စောစောစီးစီးက မသိသဖြင့် သားဖြစ်သူမှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်း ဦးနှောက်ခြောက် ဖြစ်ခဲ့ရလေသည်။
တကယ်တော့… ခုလို ရှေးလူကြီးတွေကို ဝေဖန်မိတာကလည်း သူ့အဖေကြောင့်သာဖြစ်၏။ သူ့အဖေသည် သူ့ခေတ်သူ့အခါကတော့ ခေတ်အမြင်ရှိသူဖြစ်၏။ အသက်ကြီးလာတော့လည်း ရှေးလူကြီးဖြစ်သွားခဲ့သည်။
သူ့အဖေဆုံးခါနီးတွင် သူ့ကို စာအိတ်တစ်အိတ် ပေးသွားသည်။ အထဲမှာ စာတစ်စောင်ပါသည်။ စာထဲမှာ လမ်းညွှန်မှာကြားချက်တွေ ရေးထားသည်။ ရှေးလူကြီး မပီသမှာ စိုးလို့လားမသိ။ ပဟေဠိဆန်ဆန် ရေးထားသည်။
ပထမလမ်းညွှန်ချက်က .. “နို့အလုံးတစ်ရာကိုစို့ပါ”
တကယ်ပဲ နို့အလုံးတစ်ရာကို စို့ခိုင်းခြင်း မဟုတ်တာတော့ သေချာသည်။ ကိုယ့်သားကို ပါးအချက်တစ်ရာ အရိုက်ခံရအောင်တော့ ဘယ်အဖေမှ ချောက်တွန်းမှာမဟုတ်။ ဒါဖြင့် ဘာအဓိပ္ပါယ်လဲ၊ ဘာကို ဆိုလိုတာလဲ။
သွားစို့လို့ ပါးရိုက်မခံရနိုင်တာက နွားမတွေပဲ ရှိသည်။ ဒါတောင် ချဉ်းကပ်နည်း မမှန်လျှင် အကန်ခံရနိုင်သည်။ နွားမပေါင်းများစွာက နို့များကို စုပေါင်းပြီး ချက်ထားသော နို့ဆီများကို ပြောတာလား။ မဖြစ်နိုင်။ ဟိုအရင်ထဲက လက်ဖက်ရည်ကို တစ်နေ့သုံးခွက်လောက် သောက်ခဲ့တာပဲ။ လက်ဖက်ရည်သောက်တိုင်း နို့ဆီပါနေခဲ့တာပဲ။
စဉ်းစားလို့မရသဖြင့် ခေါင်းရှင်းသွားအောင် ရုပ်မြင်သံကြား ထိုင်ကြည့်နေလိုက်သည်။ အရေးထဲ ကြော်ငြာတွေကလည်း များလိုက်တာ။ ဒီထဲကမှ ကြော်ငြာတစ်ခုကို သတိပြုမိ၏။ မိုးဒီနှင့် စိုးမြတ်နန္ဒာတို့ ပါဝင်သရုပ်ဆောင်ကြသော ကြော်ငြာ။ ဒီတော့မှ ဥာဏ်အလင်းရသွားသည်။
သူသည် ပဲနို့ရည်ကို ၀ယ်သောက်လေတော့သည်။ တစ်နေ့တစ်ပုလင်း မှန်မှန်သောက်သည်။ ပဲနို့ရည်ထဲမှာ ပရိုတင်းတွေ၊ လိုင်စင်းတွေ ပါနေသဖြင့် ကျန်းမာပြီး ၀ဖြိုးလာလေတော့သည်။
ဒုတိယအချက်ကတော့ .. “အိမ်နောက်ဖေးမှာ ဘဏ်တိုက်ဆောက်ပါ”
သူ့အိမ်နောက်ဘက်က ကွက်လပ်ကလေးမှာ ဘဏ်တိုက်နေနေသာသာ အပေါင်ဆိုင်ဆောက်ဖို့လောက်တောင် ကျယ်ဝန်းတာမဟုတ်။ ပြီးတော့ သူ့ဝင်ငွေကလည်း ဘဏ်မှာအပ်ပြီး စုဆောင်းထားရလောက်အောင် ပိုလျှံနေတာမဟုတ်။ ၀င်ငွေနဲ့ စားသောက်စရိတ်နဲ့ မျှတရုံလောက်ပဲ။ စုဆောင်းစရာဆိုလို့…
အဲ… ဟုတ်ပြီ။ စားလိုက်တဲ့အစာတွေက ပျောက်ပျက်သွားတာမဟုတ်။ အသွင်ပြောင်းပြီး ပြန်ထွက်လာတာလေ။ ဒါတွေကို စုဆောင်းထားဖို့အတွက် အိမ်နောက်ဖေးကွက်လပ်မှာ အိမ်သာတစ်လုံးဆောက်လိုက်တယ်။
တတိယအချက်မှာ… “ငရဲပြည်နှင့်ဆက်သွယ်ပါ”
ငရဲပြည်ဆိုတာ လူကိုယ်တိုင်သွားဖို့ကလွဲပြီး ဆက်သွယ်ရနိုင်သည့် တခြားနည်းလမ်းမရှိ။ တယ်လီဖုန်း ဆက်လို့ရတာလည်းမဟုတ်။ ဖက်စ်တွေ၊ အီးမေးလ်တွေ ပို့လို့ရတာလည်းမဟုတ်။ တစ်နည်းပဲရှိသည်။ မြေကြီးကိုဖောက်ပြိး အ၀ီစိရောက်အောင် တူးဖို့။
ဒီလိုလျှောက်တွေးကြည့်မှ အဖြေပေါ်လာသည်။ အ၀ီစိတွင်းတစ်တွင်း တူးလိုက်သည်။ သူတို့ရပ်ကွက်က ရေရှားသည်။ ထို့ကြောင့် အ၀ီစိတွင်းရေကို ရောင်းစားသောအခါ တွက်ခြေကိုက်ကြောင်း တွေ့ရ၏။
ကဲ…နောက်တစ်ခု။ “ခြေထောက် အရောင်းအ၀ယ်ပြုလုပ်ပါ”
ဒါဟာ ၀က်ခြေထောက်စွပ်ပြုတ် ရောင်းခိုင်းတာတော့ မဖြစ်နိုင်။ ချိုင်းထောက်လုပ်ရောင်းလို့လည်း စီးပွားဖြစ်မှာမဟုတ်။
ထိုစဉ်မှာ သူငယ်ချင်းတစ်ယောက် ကားလေးနှင့် ရောက်လာသည်။ လက်ဖက်ရည်ဆိုင် ထိုင်ကြရင်း သူက ပြောသည်။
“ဟိုတစ်ခါလာတုန်းက ဒီကားမဟုတ်ပါဘူး”
“ဟိုကားလေးက မြတ်လို့ ရောင်းလိုက်ပြီ။ ဒီကားကလဲ ဈေးချောင်လို့ ဆွဲထားတာ၊ ၀ယ်ရောင်းလုပ်တာ မဆိုးဘူးကွ၊ လုပ်တတ်ကိုင်တတ်ရင် ၀င်ငွေလည်းရတယ်။ ခြေထောက်လဲ ရတာပေါ့”
“ဘာ.. ခြေထောက်၊ ဟုတ်လား”
“အေးလေ.. ငါတို့လောကမှာတော့ ကားဝယ်စီးတာကို ခြေထောက်တပ်တယ်လို့ ခေါ်တယ်။ မင်းလည်း ခြေထောက်တပ်သင့်တယ်ကွ”
“အင်း.. ဟုတ်တယ်၊ ငါသဘောပေါက်ပြီ”
သူသည် အောက်ကားလေးတစ်စင်းကို စ၀ယ်၍ ပြုပြင်မွမ်းမံပြီး ပြန်ရောင်းရာ အမြတ်ငွေ နည်းနည်းပါးပါး ရသည်။ လုပ်တတ်ကိုင်တတ်သွားတော့ အောက်ဈေးနှင့်ရှာဝယ်ပြီး တက်ဈေးမှာပြန်ရောင်းရင်း စီးပွားရေးအခြေအနေ တိုးတက်မှုရှိလာသည်။
“ကျင်ငယ်ရည်ထုတ်လုပ်သည့်စက် တည်ပါ”
အဖေကတော့ တော်တော်ပေါက်ပေါက်ရှာရှာ ခိုင်းတာပဲဟု သူတွေးသည်။ အဓိပ္ပာယ်တော့ ဖော်လို့မရ။ ကျင်ငယ်ရည်ဆိုတာ တစ်ခုခုကို တင်စားထားတာပဲဆိုတာတော့ ရိပ်မိသည်။ ဘာလဲဆိုတာ စဉ်းစားရခက်နေသည်။
ထို့ကြောင့် အာရုံအပြောင်းအလဲဖြစ်အောင် လမ်းထွက်လျှောက်သည်။ လမ်းမှာ ရပ်ကွက်ထဲက ၀ါရင့် ယမကာသမားကြီးတစ်ယောက်နှင့် တွေ့သည်။
“ဘယ်သွားမလို့လဲကွ” ဟု မေးသဖြင့် သူက..
“ပျင်းပျင်းရှိလို့ ထွက်လာတာပါ၊ ဘီယာစတေရှင် သွားထိုင်ရင် ကောင်းမလားလို့။ လိုက်ချင်လိုက်ခဲ့ပါလား၊ ကျွန်တော်တိုက်ပါ့မယ်” ပြောတော့ ယမကာသမားကြီးက ..
“တော်ပါပြီကွာ၊ ငါက ဘီအီးကလွဲရင် ဘာမှမကြိုက်ဘူး၊ မင်းဘီယာက အများကြီးသောက်ပြီးမှ နည်းနည်းလေးမူးတာ၊ ဆီးခဏခဏသွားရတာပဲ အဖတ်တင်တယ်”
သူ့ခေါင်းထဲမှာ လက်ခနဲ အကြံရသွားသည်။ ဘီယာသောက်လျှင် ဆီးရွှင်စေသည်။ ကျင်ငယ်ရည်ထုတ်လုပ်သည့်စက်ဆိုတာ ဒါပဲကိုး။
သူသည် စည်ဘီယာဆိုင် ဖွင့်လိုက်လေသည်။
နောက်ဆုံးအချက်ကတော့ “ဦးနှောက်မပါသော ပညာရှိကို ဆည်းကပ်ပါ”
ဘယ်လိုလဲ။ ပညာရှိပါဆိုမှ ဦးနှောက်မပါလို့ ဖြစ်မလား။ သာမန်လူပြိန်းတွေတောင် ဦးနှောက်ကတော့ ပါကြတာပဲ။ လူမပြောနဲ့ တချို့တိရစ္ဆာန်တွေမှာတောင် ဦးနှောက်ရှိကြသည်။ လူရယ်လို့ ဖြစ်လာတာလည်း တိရစ္ဆာန်တွေထက်ပိုပြီး အဆင့်မြင့်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်ရခဲ့လို့ပဲ မဟုတ်လား။ ဒီဦးနှောက်ကို အားကိုးပြီးတော့ပဲ ကမ္ဘာကြီးကို မောင်ပိုင်စီးနိုင်ခဲ့တာမဟုတ်လား။
ဘာပဲဖြစ်ဖြစ် ဆိုလိုရင်းအဓိပ္ပါယ်ကိုတော့ ရအောင်ရှာရမည်။ လူတို့သည် ဦးနှောက်ရှိသောကြောင့် တွေးတောကြသည်။ ဒီအခါမှာ ကောင်းတာရော မကောင်းတာပါ တွေးမိသည်။ တရားတာရော မတရားတာပါ ကြံစည်စိတ်ကူးမိကြမည်။ ထို့ကြောင့် ဦးနှောက်မရှိတာကမှ ခပ်ကောင်းကောင်းဟု ဆိုလိုချင်တာလား။
မဖြစ်နိုင်။ ဦးနှောက်မရှိလျှင် အဆိုးသာမက အကောင်းကိုပါ တွေးတောဆင်ခြင်နိုင်မှာ မဟုတ်တော့။ တီကောင်တွေ၊ ပိုးမွှားတွေလို အဆင့်နိမ့်သတ္တ၀ါများနှင့် ဘာထူးတော့မှာလဲ။ ပဟေဠိရဲ့အဖြေကိုရဖို့ ဦးနှောက်ကိုသုံးပြီး စဉ်းစားနေရတာပဲလေ။
ဒါဖြင့် ဦးနှောက်မပါတဲ့ ပညာရှိဆိုတာ ဘယ်လိုဟာလဲ။ ဦးနှောက်မပါဘူးဆိုလျှင် သက်ရှိ မဖြစ်နိုင်တော့။ သက်မဲ့ပဲ ဖြစ်ရမည်။ သက်မဲ့အရာဝတ္ထုတစ်ခုက ပညာရှိဖြစ်နိုင်သလား။ သက်မဲ့အရာဝတ္ထုတစ်ခုကို ဆရာတင်ပြီး ဆည်းကပ်သင့်သလား။ ပညာရှိဆိုလျှင် မေးသမျှ ဖြေနိုင်ရမည်။ အကြောင်းအရာမျိုးစုံကို ခြုံငုံသိရှိနားလည်ရမည်။ ဒါဆိုလျှင်…
သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ကွန်ပျူတာတစ်လုံးဝယ်ဖို့ပင် ဖြစ်လေ၏။
မူရင်းရေးသားသူ။ ။ မင်းလူ

နယ်ခြားစောင့်တပ်
Posted by
nyanmyo
on Friday, December 4, 2009
/
Comments: (0)
.mpg_000338004.jpg)

.mpg_000020120.jpg)

.mpg_000239539.jpg)
ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံတော်လုံခြုံရေးနှင့် နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းရေးအတွက် ဥပဓေဘောင်အတွင်း ၀င်ရောက်လာခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို နိုင်ငံတော်ရဲ့ လက်နက်ကိုင်ဆောင်သည့် နယ်ခြားစောင့်တပ် များအဖြစ် အသွင်ကူးပြောင်းမှုအစိစဉ်များပြုလုပ်ခဲ့ပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေသ(၁)ကိုးကန့်အဖွဲ့၏ နယ်ခြားစောင့်တပ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ယခုလို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်